မလေးရှားမှာ ဂျုံမှုန့်နဲ့ အားဆေးအပေါစား သုံးပြီး ငှက်သိုက်အတု ထုတ်တဲ့ စက်ရုံကို ဝင်ဖမ်း

မလေးရှားနိုင်ငံမှာ ငှက်သိုက်အတု ထုတ်နေတဲ့ စက်ရုံကိုဝင်ဖမ်းသွားတဲ့ အကြောင်းကို ဖော်ပြလိုက်ပါတယ်-

ငှက်သိုက် ဆိုပီး အားရှိတယ် လုပ်နေကြတာ နေ့လယ်က စက်ရုံကို ရဲနဲ့ အကောက်ခွန် ၀င်ဖမ်းသွားတယ်။ ဂျုံမှုန့်နဲ့ ကြက်ဥ အားဆေး အပြင်းစားထည့် လုပ်စားနေတာ ကြာနေပြီ။

စက်ရုံကြီးက အမြဲ တံခါးပိတ်ထားတာ မှောင်ခို တစ်ခုတော့ လုပ်နေတာ ထင်တဲ့အတိုင်းပဲ ငှက်သိုက် အတု ထုတ်နေတာ ဆရာတွေက။ စီးလာတဲ့ကားတွေက ဒိတ်ဒိတ်ကြဲ ကားကြီးတွေ ဒီနေ့တော့ တန်းစီးခေါ်သွားပြီ။ (စိုင်းဆမ်စိန်)

ထိုင်းကလာတဲ့ ငှက်သိုက်အတုတွေအကြောင်းကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ်။ စျေးကြီးပေးဝယ်ရတဲ့ ထိုင်းကလာတဲ့ငှက်သိုက်ဘူးတွေထဲမှာ သကြားနဲ့ ဆေးကုလားမတွေပဲပါတယ်တဲ့။ ဆေးကလားမကို ငှက်သိုက်အားဆေးဆိုပြီး မြန်မာတွေကို ဂျင်းထည့်ထားတာပါ။

လျှော်ဖြူ (ခ) ဆေးကလားမ (Botanical name = Sterculia versicolor wall) အပင်က ထွက်တဲ့ အစေးကို အရည်အသွေးအလိုက် Grade လေးမျိုး ခွဲထားပါတယ်။ ကြာဇံ ၊ ရေခဲ ၊ ဝါဂွမ်း နဲ့ ဂျွန် လို့ ခေါ်ကြတယ်။ အဲဒီ အထဲက ကြာဇံ အမျှင်ကို ထိုင်းက တိုင်းရင်းဆေးထုတ်တဲ့ ကုမ္ပဏီတွေက မြန်မာပြည် အလယ်ပိုင်းအထိ အသည်းအသန် လိုက်ဝယ်တယ်။

ငှက်သိုက် အားဆေးထဲ မှာ ထည့်ဖို့ ဝယ်တာဖြစ်တယ်။ တစ်ပိသာကို နယ်စပ်ဈေး ကိုးသောင်းလောက် (၂၀၁၉ ဈေး) အထိ ပေးဝယ်တယ်။ ငှက်သိုက် ကုန်ကြမ်းက အဲဒီထက် အဆ သုံးဆယ်လောက် ဈေးပိုကြီးပါတယ်။

နောက်ထပ်ဖြစ်ရပ်တစ်ခုအနေနဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် အာရှလမ်းမပေါ်မှာ တပ်ပြည်နယ်ကိုသွားနေတဲ့ ဗင်ကားတစီးပေါ်မှာ ငှက်သိုက် အတုလုပ်တဲ့ ကုန်ကြမ်း ကီလို ၅၀ တင်ဆောင်သယ်ယူလာတာကို အကောက်အခွန်နဲ့ ရဲ စစ်ဆေးရေးဂိတ် အာဏာပိုင်တွေက ရှာဖွေ ဖမ်းဆီးလိုက်မိပါသေးတယ်။

ကာလတန်ဖိုး ထိုင်းဘတ်ငွေ ၅၀၀၀၀၀ ငါးသိန်းတန်ဖိုးရှိတဲ့ ငှက်သိုက်အတု ကုန်ကြမ်းတွေကို ရာဘာနဲ့ သစ်ဆေးတစ်မျိုး ကနေ သန့်စင်ထုတ်ပြီး တရုတ်လုပ်ငန်းရှင်တွေကို ရောင်းနေကြတာဖြစ်ပါတယ်။ ပြောချင်တာက ဆေးကလားမ နဲ့ သန့်စင်ထားတဲ့ ရာဘာစေးတွေကို ငှက်သိုက်ဆိုပြီး ဂျင်းထည့်နေတာပါ။

ပိုက်ဆံပေါတဲ့ သူတွေ အတွက် ပြသနာမရှိပေမယ့် ငှက်သိုက်အားဆေးကို ကောင်းလှပါချည်ရဲ့ ဆိုတဲ့ ကြော်ငြာတွေကိုယုံပြီး ရှိစုမဲ့စု ပိုက်ဆံလေးနဲ့ သက်ကြီးရွယ်အို တွေ လူမမာတွေကို ဝယ်တိုက်နေရတဲ့ အဖြစ်တွေကို ကိုယ့်ပတ်ဝန်းကျင်မှာ မကြာခဏ တွေ့နေရလို့ စေတနာရှေ့ထားပြီး ရေးသားဖော်ပြလိုက်ရပါတယ်

Leave a Reply

Your email address will not be published.

x

You cannot copy content of this page