ရခိုင်ပြည်နယ်တွင် ထူးဆန်းသော ဝက်ရောဂါတမျိုး ကူးစက်ပြန့်ပွားလျက်ရှိ (ရောဂါဇစ်မြစ်ကို မသိရသေး)

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကလားချောင်းကျောင်းရွာမှာ ထူးဆန်းတဲ့ ဝက်ရောဂါ တမျိုး ဖြစ်ပွားလျက်ရှိပြီး တပတ်အတွင်းကို အကောင်ရေ (၂၀၀) နီးပါး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ (၁၃)ရက်ကနေ စပြီး ဒီဇင်ဘာ (၂၀)ရက်နေ့အထိ ဝက်အကောင်ရေ (၂၀၀) နီးပါး ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဝက်တွေက အစာမစားဘဲ ပါးစပ်မှ အမြုပ်တွေထွက်ကာ ဖျားနာပြီး (၂)ရက်၊ (၃)ရက်အတွင်းမှာပဲ သေဆုံးသွားကြတယ်လို့ ဆိုပါတယ်။

ဝက်တွေမှာ ဖြစ်ပွားတဲ့ ရောဂါရဲ့ အကြောင်းအရင်းကို မသိရှိရသေးဘဲ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက ဓာတ်ခွဲ စစ်ဆေးနေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ အသက်ရှင် ကျန်နေသေးတဲ့ ဝက်အချို့လည်း နာမကျန်းတွေ ဖြစ်နေတယ်လို့ သိရပါတယ်။

လက်ရှိဆုံးရှုံးခဲ့တဲ့ ဝက်အကောင်အရေအတွက် ရွာသူ၊ရွာသားတွေအနေနဲ့ ဆုံးရှုံးမှုစုစုပေါင်း သိန်း (၇၀၀) နီးပါးထိရှိပြီး ဝက်တစ်ကောင်ကို ၈ သိန်းလောက်တန်ကြေးရှိတယ်လို့ သိရပါတယ်။

ကူးစက်မှု မရပ်တန့်နိုင်ဘဲ ဝက်တွေ အကုန်လုံးကို ကူးသွားပြီး အားလုံး ဆုံးရှုံးသွားမှာကို စိုးရိမ်နေတယ်လို့ ဒေသခံ ရွာသားတဦးက ပြောပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page