YBS စီးရင် လိုက်ကို လိုက်နာရမယ့် လူ့ကျင့်ဝတ်စည်းကမ်းများ (လူကြားထဲ အလိုက်မသိသူများဖတ်ဖို့)
YBS စီးရင်လိုက်နာရမည့် လူ့ကျင့်ဝတ်များရေးပါမယ်၊ လက်ခံသူယူပါ။ လက်မခံရင်ကျော်ပါ။
(၁) ကားမလာခင် ပိုက်ဆံကြိုထုတ်ပါ၊ အကြွေမရှိလျှင် ကြိုလဲထားပါ။ (၂) မိမိ၏ ဝန်စည်များကို ကျစ်လစ်စွာကိုင်ဆောင်ပါ၊ ဥပမာ-ထီး၊ အထုတ်၊စသည်၊ မရမ်းမိ မတိုက်မိစေရန် ဖြစ်သည်။
(၃) အထဲရောက်လျှင်body ကိုတစောင်းတိုး၍ဝင်ပါ၊ လမ်းတောင်းပါ၊ နဲနဲတိုးပါမယ်၊ sorry ပါ ဘာညာတခုခုလေးပြော၍ ဝင်ပါ၊ ကတိုကရိုက်နှင့် အတင်းဇွတ်မတိုးပါနှင့်။
(၄) မိမိစီးနေစဉ်အတွင်း ထိုင်ခုံမရပါက လက်တန်းကို ထိန်းနိုင်သည့် အနေထားကိုင်ထားပါ။ သတိရှိပါ။ ကားဘရိတ်အုပ်လျှင် ဟန်ချက်ပျက်၍ တပါးသူသို့ ထိခိုက်နိုင်ပါသည်၊ စကားများနိုင်ပါသည်။ အချို့ sensitive လူများရှိသည်။
(၅) YBS သည် အဲကွန်းကားဖြစ်သည့်အတွက် တတ်နိုင်သမျှ အနံ့ဆိုးထွက်သော အစားအစာများကို တတ်နိုင်သမျှ ထုတ်ပိုးပါ။ တချို့မိန်းကလေးများ လက်ဖက်သုတ်ဘူးများ ဖွင့်စားခြင်း၊ ရှမ်းခေါက်ဆွဲ ဖွင့်စားခြင်းများ ကြုံဖူး၍ ဖြစ်သည်။ အများပြည်သူ ဧရိယာတွင် မလုပ်သင့်သောအချက်ဖြစ်သည်။ အချို့နေကြာစေ့များ စားနေကြသေးသည်။ နေကြာစေ့ကြက်သွန်ဖြူမှလည်း အနံ့ထွက်သည်။ အခွံများလည်း ပွကျဲနေသည်။ ရေခဲမုန့်များလည် စားလျက်တက်လာကြသည် ၎င်းအရည်များ အခြားသူသို့ အမှတ်တမဲ့စင်နိုင်ပါသည်။
(၆) မိမိဆင်းမည့် မှတ်တိုင်တတိုင် ကြိုထွက်ထားပါ၊ ဆင်းမည်ဟုအသံပြုထားပါ၊ အချို့ကမဆင်းပဲအပေါက်ဝပိတ်ရပ်ထားကြ၍ ဖြစ်သည်။ (၇) ဆင်းလျှင်လက်တန်းဖြုတ်ဆင်းပါ၊ လက်မဖြုတ်လျှင် နောက်လူဆင်းရခက်ပါသည်။
တတ်နိုင်သမျှ မိမိကိုယ်ကို သတိပြုဆင်ခြင် သွားလာနိုင်ကြပါစေ။ ကာကွယ် မပါပဲ နှာချေခြင်း၊ ချောင်းဆိုးခြင်း၊ ရည်းစားများ နောက်ဆုံးခုံတွင် မိမိအိမ်ကဲ့သို့ တမေ့တမောအိပ်ပျော်နေခြင်း ၊မဖွယ်မရာပြုလုပ်ခြင်းတို့သည် လုံးဝမလုပ်သင့်သော လူ့ကျင်ဝတ်များ ဖြစ်ပါသည်၊၊ စေတနာဖြင့် bill ကုန်ခံ ရေးပါသည်။ (Slena)