ဈေးဦးပေါက်တဲ့ နေ့တွေ တဖြည်းဖြည်းနည်းလာတဲ့ အသက် (၇၀) ကျော် လေထိုးရုပ်သည် အဘိုး

စျေးဦးလဲပေါက်…ပိုက်ဆံလဲအများကြီး ပိုရတယ်

အဖိုး အသက်(၇၀)ကျော် ညနေဆို လေထိုး အရုပ်လေးတွေ ရောင်းတယ် အဖိုး ဆိုင်ခင်းတုန်းလေး ရောက်သွားတော့ အဖိုး အရုပ်လေးတွေ ဘယ်လိုရောင်းတုန်း??

စျေးကတော့ အစားစားပါပဲ သားရယ် စျေးကြီးဆုံး အရုပ် ဘာရှိတုန်း အဖိုး?? ဟို ဝေလငါးက စျေးကြီးဆုံးပဲ သား… ၃၅၀၀ သား

ဟုတ် အဖိုး အဲ့ဒါ့လေး သားယူမယ်နော်…နောက်အရုပ်လေးတွေလဲ ယူမယ် အဖိုး သား လိုချင်တာ ရွေးနော်…. ဟုတ် အဖိုး…ဒါလေးတွေယူမယ် အဖိုး…ဘယ်လောက်ကျတုန်း ??

အဖိုး မတွက်တတ်တော့ဘူး…သားပဲ တွက်ပေးပါလား… ဟုတ် အဖိုး…တွက်ကြည့်မယ်နော်…အားလုံး (၁)သောင်းကျတယ် အဖိုး ဟုတ်…အဖိုး တူလေး တခု လက်ဆောင်ပေးလိုက်မယ်နော်

ကျေးဇူးပါ အဖိုးရယ်…ရော့ အဖိုး ၃၀၀၀၀ သား ပိုက်ဆံတွေ ပိုနေတယ်နော် ဟုတ် အဖိုး…ပိုနေတာ အဖိုး လိူတာ သုံးနော်၊ ဟာ ကျေးဇူးတင်ပါတယ် သားရယ်…စျေးဦးလဲပေါက်…ပိုက်ဆံတွေလဲ အများကြီး ပိုရတယ် ပျော်လိုက်တာ…ခုမှ ခင်းတာ…စျေးဦးပေါက်

(ကျနော်နဲ့အတူ ပူးပေါင်းပါဝင်လှူဒါန်းပေးကြသော (၇)ရက်သားသမီးများအား အဖိုးကိုယ်စား ကျေးဇူးတင်ရှိပါတယ် ဗျ)

ဪ…အဖိုးပျော်သွားတာလေး ကြည့်ပြီ ကျနော်လဲ ပျော်နေမိပါတယ်။ ဆင်းရဲနွမ်းပါး အဖိုးအဖွားများအတွက် အတူအကွ ပူးပေါင်း ကူညီလှူဒါန်းလိုပါက

ကိုပူတူးနှင့်ဘော်ဒါများ

Leave a Reply

Your email address will not be published.

x

You cannot copy content of this page