နတ်လမ်း အဖြစ်ဆိုး ဖြစ်ခဲ့တဲ့ ကျိုက်နဲ ရေလယ်ဘုရားပွဲ ယခုနှစ် မကျင်းပတော့ဟုဆို

မွန်ပြည်နယ် သံဖြူဇရပ်က ကျိုက်နဲရေလယ်ဘုရားပွဲ ယခုနှစ် မကျင်းပတော့ဘူးလို့ စေတီတော် ဂေါပကအဖွဲ့က ပြောပါတယ်။ ကျိုက်နဲရေလယ်ဘုရားမှာ သံဖြူဇရပ်မြို့နယ်၊ ဝဲကလောင်းကျေးရွာနှင့် အံခဲကျေးရွာ အကြား ပင်လယ်ကမ်းခြေမှ ၁ မိုင် ၆ ဖာလုံခန့်အကွာ ပင်လယ်အတွင်း တည်ရှိပြီး နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့နှင့် ၃ ရက်နေ့တွင် ဘုရားပွဲတော် ကျင်းပလေ့ရှိပါတယ်။

ကျိုက်နဲရေလယ်ဘုရား၏ ထူးခြားချက်မှာ နှစ်စဉ် တန်ဆောင်မုန်း လပြည့်ကျော် ၃ ရက်နေ့တွင် ကမ်းခြေမှ ဘုရားအထိ လမ်းလျှောက်သွားနိုင်သည့် ကျောက်တန်း လမ်း(ဒေသခံများအခေါ် နတ်လမ်း)တစ်ခုမှာ ပင်လယ်ဒီရေအကျတွင် ပေါ်လာပြီး အနီးအဝေးမှ ဘုရားဖူးများ ယင်းအချိန်တွင် အများဆုံးလာ ရောက်လေ့ ရှိကြကာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၁ ရက်နေ့က ကျင်းပတဲ့ ဘုရားပွဲမှာတော့ ဘုရားဖူးတွေ ကျိုက်နဲရေလယ်ဘုရားကို သွားရောက်ဖူးမျှော်စဉ် ပင်လယ်ထဲမြောပါ ပြီး ရဟန်း ၁ ပါးအပါအဝင်ကျား ၁၁ ဦး မ ၁၄ ဦး ပျောက်ဆုံး/သေဆုံးမှုဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ဘုရားပွဲတော်ကို ယခုနှစ်မှာတော့ မကျင်းပတော့ဘဲ လာမည့် နိုဝင်ဘာလ ၆ ရက် နေ့ (တန်ဆောင်မုန်းလဆန်း ၁၄ ရက် – အဖိတ်နေ့)နှင့်နိုဝင်ဘာလ ၇ ရက် တန်ဆောင်မုန်း လပြည့်နေ့တွင် ပဌာန်းတရားတော်ပူဇော်ပွဲနှင့် ဆွမ်းတော်တင်ပွဲ ကိုသာ အကျဉ်းချုံးပြီး ကျင်းပမယ်လို့ ဂေါပကအဖွဲ့က ပြောကြားထားတယ်။

လက်ရှိမှာတော့ ကျိုက်နဲရေလယ်ဘုရားသို့ သက်ကြီးရွယ်အိုများ၊ ကိုယ်ဝန်ဆောင် မိခင်များ ၊ကလေး သူငယ်များ သွားရောက်ဖူးမျှော်ခြင်း မပြုရန် တားမြစ်ထားပြီး ဘုရားဖူးပြည်သူတွေအနေနဲ့ သွားရောက် ဖူးမျှော်ချင်ရင် သက်ဆိုင်ရာ ရပ်/ ကျေး အုပ်ချုပ်ရေးအဖွဲ့ များစေတီဂေါပကအဖွဲ့ဝင်များထံ ကြိုတင်သတင်းပို့၍ ၄င်းတို့၏ အကြိုအပို့အစီအစဉ်ဖြင့်သာ သွားရောက် နိုင်ပြီး အသက်ကယ်အင်္ကျီ (Life Jacket)ဝတ်ဆင်ကာ စက်လှေဖြင့်သာ သွားရောက်ဖူးမျှော် ကြရန် သတ်မှတ်ချက် ထုတ်ပြန်ထားပါတယ်။

နတ်လမ်းအကြောင်းကို ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ် – ဒီရေ အတိုးအဆုတ်လမ်းကို နတ်လမ်း ဆိုပြီး ကြပ်မပြည့်တာတွေ မလုပ်စမ်းပါနဲ့ဗျာ..

ဘာသာရေး ကုသိုလ်ရေး ပါ ဆိုရင်လဲ တွေးခေါ်စဉ်းစားဉာဏ်နဲ့ယှဉ်သွားကြပါ။ အင်္ဂလန် နိုင်ငံမှာ အပျော်များများ ဒီရေ အတိုး သောင်ခုံပျောက်လို့ အပြုံလိုက် ‌ေ-သကြတာ သတင်းတွေမှာ ဖတ်ရဖူးတယ်။ ရေစပ်မှာ ပျော်တတ်သူတွေကို ကမ်းခြေစောင့်ရဲတွေက အမြဲ မပြတ် လိုက်မောင်းထုတ်ရတာ အခါခါပဲ။ အဲဒီမှာက လွှတ်ထားပေးတာ ရဲတွေ ဆိုလဲ ကိုယ့်အသက်ကိုယ် ကာကွယ်နေကြရတာ။

ဘိုးဘေးတွေလဲ ကြံဖန် တည်တတ်တယ်နော်။ ပင်လယ်ထဲ ၁.၆၁ မိုင် လမ်းလျှောက်ရတယ် ယုံကြည်မှု၊ ကိုးကွယ်ရာ၊ ပတ်ဝန်းကျင် ရာသီဉတုပြောင်းလဲမှု၊ ဘေးအန္တရာယ်၊ Risk, Resilient and Illusion ကိုယ့်ဖာသာကို စဉ်းစားကြပါတော့ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page