ဒီဇင်ဘာ တလလုံး စိတ်ချမ်းသာ၊ ဝင်ငွေတိုး၊ လာဘ်လာဘ ပွားများစေမယ့် အထူး ယတြာ
မိတ်ဆွေများ မင်္ဂလာပါ ခင်ဗျား.. ယခုလ ဒီဇင်ဘာလ ၁၂ လပိုင်း တစ်လလုံး စိတ်ချမ်းသာစွာ နှင့် ဝင်ငွေ လာဘ်လာဘများပွား၍ အောင်မြင်တိုးတက်စေရန် အတွက် ပညာဒါနပြုလိုက်ပါတယ်။
လုပ်ရမှာလွယ်ကူရိုးရှင်းပြီး အောင်မြင် ထိရောက် အစွမ်းထက်ပါတယ်ခင်ဗျ။ အိမ်ဘုရားကျောင်းဆောင်မှာ လုပ်ထားရပါမည်။
အရင်ဦးစွာ စတီးလင်ပန်းတစ်ချပ်မှာ ဆားပုံ ၄ ပုံ ပုံပြီး အလည်တည့်တည့်တွင် နွားနို့တစ်ခွက်တင်ပြီး ဘုရားကပ်လှူ ပူဇော်ပါ။
ယတြာလုပ်ရမည့် အချိန်က နံက် ၆ နာရီမှ ၉ နာရီ ၄၅ မိနစ်အတွင်းနဲ့ ညနေ ၆ နာရီမှ ၉ နာရီ ၄၅ မိနစ်အတွင်း (တစ်ချိန်တည်းသာ လှူရပါမည်) ဤလအတွင်း မည်သည့်နေ့မဆို လုပ်နိုင်ပါတယ်ဗျာ။
ဒီဇင်ဘာလ တစ်လတာအတွင်းမှာ မည်သည့်နေ့မဆို မိမိနေအိမ်ဘုရားမှာ ၁။ ဝါးညွန့် (၉) ညွန့်၊ ၂။ ဒန်းညွန့် (၉) ညွန့်၊ ၃။ အနီရောင်ပန်း (၉) ပွင့်
ထိုပန်း ၃ မျိုးထဲက မိမိအဆင်ပြေရာ ပန်း အညွန့် တစ်မျိုးကို ဘုရား လှူပေးပါဗျာ.။ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာစွာဖြင့် ကြီးပွားတိုးတက်အောင်မြင်ပါစေ ခင်ဗျား။
(မနောမယ)