အရမ်းချစ်တတ်တဲ့ ဝိုင်ဘီအက်စ် ကားဆရာကြီးနဲ့ ခရီးသည်တွေ ဧည့်စာရင်းတိုင်ရမယ့် အဖြစ်
အရမ်းကို ချစ်တတ်တဲ့ ဝိုင်ဘီအက်စ်ကားဆရာကြီးရဲ့ အကြောင်းကို ကိုယ်တွေ့ ကြုံခဲ့ရတဲ့သူ ပြောပြချက်အား ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-
ဒီကားဆရာကို တွေ့ရင်မေးပေးကြပါလား။ ကောင်မလေးကို စောင့်နေမှာလား၊ ကားဆက်မောင်းမှာလားလို့။ အခုတော့ ဘယ့်နှယ် ၅ နာရီ မထိုးခင်ကတည်းက ဘိုကလေးစျေးကနေထွက်တာ အဲ့ကတည်းကသူ့ကောင်မလေးက လမ်း ၃၀ ဆိုပြီးစောင့်တယ်။
ပလာဇာရောက်တော့ ၅:၄၁ မိနစ် သူ့ကောင်မလေးအတွက်အရှေ့ဆုံးခုံကိုလဲ ဦးထားသေးတာ အဲ့ထိသူ့ကောင်မလေးတက် မလာသေးဘူးနော်။ အဲ့မှာ သူ့လူတွေ တက်လာပါရော၊ တက်လာကတည်းက “မကြီး မပါဘူးလား ဘာလို့လဲ” ဆိုပြီးမေး၊ ဖုန်းတွေ ဆက်ပေး၊
ကားဆရာက သူ့ကောင်မလေး မပါတော့ စူပုတ် ကားကိုလဲ တဘီးချင်းရွေ့၊ သူ့ကောင်မလေးကို ဖုန်းဆက်ချော့နဲ့ အဆင်ကို ပြေနေရောပဲနော်။ ညနေဘက် ရုံးဆင်းလို့များ အိမ်ကိုနောက်ကျမှ ရောက်ချင်တယ်၊ ကားသမားနဲ့သူ့ကောင်မလေး ချစ်ကြည်နူး တစ်တီတူးတာ ကြည့်ချင်တယ်၊
ပုံမှန်ကားမပိတ်တဲ့ ၁နာရီကြာတဲ့ ခရီးကို ၂ နာရီလောက် အေးဆေးစီးချင်တယ်ဆိုရင်တော့ ဟော့ဒီကားဆရာမောင်းတဲ့ 9N-8337 ကိုသာစီးကြပါလို့ ရီကွန်မန်းပေးပါတယ်နော်။ ငါကတော့ကျေနပ်တယ် သူ့ကောင်မလေးပါမလာတဲ့အပြင် ရန်ဖြစ်ကြလို့ အရမ်းကျေနပ်တယ်။ ဖြည့်စွက်ချက် – သူ့ကောင်မလေး ကားကြီးဂိတ်ကလည်း တက်လာရော မောင်းတာမှ ဝီခေါ်နေတာပဲ။ အဲ့ကျမှပဲ ၇/၈ လမ်းဆုံကို ၆:၃၇ နာရီမှာ ရောက်တော့တယ်။ (
Hay Marn)