ရိုးသား၊ ကြိုးစားရုံသာမက စေတနာလည်း ပေါတဲ့ ဧရာသားတွေလည်း (၅၀၀) ကျပ်တန် ထမင်းဆိုင်ဖွင့်ပြီ

“ရိုးသား ကြိုးစား ဧရာဝတီသား” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ရိုးသားပြီး ကြိုးစားထားတဲ့ စေတနာဇောတိကတွေရဲ့ (၅၀၀) ကျပ်တန် ဇလုံထမင်းဆိုင် ပုသိမ်မြို့မှာ စတင် ဖွင့်လှစ်လိုက်ပါပြီ။

ကြက်သား၊ ဝက်သား၊ ငါး ဟင်းတမျိုးမျိုးကို အဓိကထားပြီး ငပိရည်၊ တို့စရာ၊ အရည်သောက် အစုံအလင်နဲ့မှ ဇလုံထမင်း တခါပြင်ကို (၅၀၀) ကျပ်ပဲ ကျသင့်မှာ ဖြစ်ပါတယ်။

ဆန်စပါး ပေါများတဲ့ ဧရာဝတီတိုင်းမှာ ပထမဦးဆုံး ဖွင့်လှစ်တဲ့ဆိုင်လို့လည်း သတ်မှတ်လို့ရပါတယ်။ ဆန်ပေါတဲ့ အရပ်ဆိုတော့ ချက်တဲ့ ဆန်ကောင်းမှာကတော့ အသေအချာပါပဲဗျာ။

ဧရာဝတီတိုင်းရဲ့ ပထမဦးဆုံး (၅၀၀) ကျပ်တန် ဇလုံထမင်းဆိုင် လိပ်စာကတော့ ပုသိမ်မြို့၊ အောင်သုခလမ်း၊ အဝေရာဆေးတိုက်နားမှာလို့ သိရပါတယ်။

အခုဆိုရင် တိုင်းဒေသကြီးရဲ့ နေရာအနှံ့တွေမှာ (၅၀၀) ကျပ်တန် ဇလုံ ထမင်းဆိုင်တွေ အများအပြား ဖွင့်လှစ်လာကြပါပြီ။ တချို့ဆိုင်တွေကတော့ အဝစား ဖြစ်ပေမယ့် တချို့ဆိုင်တွေကတော့ တခါပြင် စနစ်နဲ့ ရောင်းချပေးနေပါတယ်။

ထူးခြားချက်အနေနဲ့ကတော့ ဆိုင်ပိုင်ရှင် အများစုဟာ သာမန်လက်လုပ်လက်စား ပြည်သူတွေပဲ ဖြစ်ကြပြီး ပြည်သူ့ငွေတွေနဲ့ သူဌေးမင်းဘွဲ့ ခံယူထားတဲ့ ခရိုနီတွေကတော့ ပျောက်ခြင်းမလှ ပျောက်နေတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page