ထမင်းဝိုင်းကို ရွံ့စရာ ယင်ကောင်တွေ လုံးဝ မလာအောင် ပြုလုပ်နည်း (လွယ်လွယ်လေးပါ)
စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ ထမင်းဝိုင်းတွေမှာ ယင်ကောင်တွေ တရုန်းရုန်းနဲ့ဆိုရင် အော်ဂလီဆန်စရာပါ။
ယင်ကောင်ဟာ ရောဂါပိုးတွေ အများကြီး သယ်ဆောင် လာလို့ ယင်နားစာကို မစားဖို့ သတိပေးထားကြပါတယ်။
ဒါကြောင့် ယင်ကောင်တွေ မလာစေချင်ရင် ဆီးဖြူကိုင်းနှင့် ဆီးဖြူရွက်များကို ထမင်းဝိုင်းပေါ် တင်ထားလိုက်ပါ။
ဒါမှမဟုတ် မိမိ ထမင်းစားဝိုင်းနှင့် အနီးစပ်ဆုံး နေရာတွင်ဖြစ်စေ၊ အပေါ်မှ ကြိုးဖြင့် ချိတ်ဆွဲ၍ ဖြစ်စေထားကြည့်လိုက်ပါ။ ထမင်းစားဝိုင်းကို ယင်လာတော့မည် မဟုတ်တော့ပေ။