ပျက်စီးယိုယွင်းနေတဲ့ ကျောက်ကပ်ကို ရာနှုန်းပြည့်နီးပါး ပြန်ကောင်းစေတဲ့ နည်းလမ်း (လက်တွေ့ပါပဲ)

ယိုယွင်းနေသော ကျောက်ကပ်ရာနှုန်း ပြည့်ပြန်ကောင်းပြီ။

မြန်မာနိုင်ငံမှာ ကျောက်ကပ်ရောဂါတွေ အများကြီးဖြစ်နေ ကြပါတယ်။ စားသောက်ရတဲ့ အစားအစာ၊ ရှုရတဲ့လေ၊ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်း၊ အနေအထိုင် မမှန်ခြင်းတွေကြောင့် ကိုယ်တွင်း အဆိပ်တွေများရာကကျောက်ကပ် ချို့ယွင်းကြရပါတယ်။

အဆိုးဆုံးကတော့ ရေသောက်နဲခြင်းနဲ့ ဆီးအောင့်ထားခြင်းတွေ ပါပဲ။ အဲဒီအပြင် အစားကြူးခြင်းကြောင့်လည်း ကျောက်ကပ်တွေ ယိုယွင်းပျက်စီးလာပြီး ကျောက်ကပ်ရောဂါ အမျိုးမျိုး ဖြစ်လာခြင်းဖြစ်ပါတယ်။

ကျောက်ကပ်ရောဂါတွေ ဖြစ်လာပြီဆိုရင် အရမ်းစိတ်ညစ် ရပါတယ်။ ကျောက်ကပ်ဆေးရရင် ပိုက်ဆံအများကြီးကုန်ပါတယ်။ ကျောက်ကပ် လဲရတဲ့အဆင့်မျိုးဆိုရင်တော့ သိန်းတစ်ထောင်ကျော် အကုန်ခံနိုင်မှ အသက်ရှင်မယ်။ ဆင်းရဲလှတဲ့ ပြည်သူအများစုအတွက် ဘယ်လိုမှ တတ်နိုင်တဲ့ငွေပမာနတွေမှ မဟုတ်တာ။ ဒီလိုနဲ့ပဲ အသေခံသွားရတဲ့သူတွေ များလာတယ်။

စိတ်မကောင်း ဖြစ်ရတယ်၊ ဂရုဏါသက်မိတယ်။ ဘယ်လို ကယ်တင်လို့ရမလဲလို့ အမြဲစဉ်းစားခဲ့ပါတယ်။ ကံအားလျော်စွာ စင်ကာပူနိုင်ငံသား တစ်ယောက်နဲ့ပတ်သက်ပြီး တရုတ်ပြည်က အတော်ဆုံး ကျောက်ကပ်အထူးကုဆရာဝန်မကြီးနဲ့ အဆက်အသွယ်ရခဲ့တယ်။

ကတက်ဥအကြောင်း ပို့စ်တင်ပေးတုန်းက သူ့အကြောင်းကို ပြောပြခဲ့ဖူးပါတယ်။ တရုတ်ဆရာဝန်မကြီးက ပျက်စီးနေတဲ့ ကျောက်ကပ်ပြန်ကောင်းဖို့အတွက် ရှီးပတီးပေါင်းစားတဲ့နည်းကို ပြောပြတယ်။

ဒီအကြောင်းလည်း ကျနော်အရင်က ပို့စ်ရေးတင်ခဲ့ဖူးပါတယ်။ တရုတ်ပြည်မှာလည်း ဒီလိုပဲပြန်ကောင်း နေကြတယ်ဆိုတော့ အတော်ကို အားတက်သွားတယ်။ နည်းကောင်း ရသွားပြီဆိုတော့ ကျနော့ဆီ ဆက်သွယ်ကြတဲ့ ကျောက်ကပ်ဝေဒနာရှင်တွေကို ရှီးပတီးပေါင်းစားတဲ့နည်းကို အမြန်ပေးလိုက်ပါတယ်။

ရှီးပတီး ဈေးအသက်သာဆုံး ရောင်းတဲ့သူတွေ ရှာရတယ်။ ဝေဒနာရှင် တော်တော်များများ ပြန်ကောင်းလာတာကို ဝမ်းသာစွာတွေ့ရပါတယ်။ ဆီးလုံးဝ သွားလို့မရတဲ့သူတွေတောင် ဆီးပြန်သွားကြတယ်။ ကျောက်ကပ် လုပ်ဆောင်ချက်တွေ ပြန်ကောင်းလာကြပါတယ်။ အသက်တွေ ကယ်နိုင်တာလောက် ပီတိဖြစ်စရာ ကောင်းတာမရှိပါဘူး။

တရုတ်ဆရာဝန်မကြီးကို ကျေးဇူးသိပ်တင်ပါတယ်။ ကျောက်ကပ်လုပ်ဆောင်ချက်ကို eGFR ဆိုတဲ့သင်္ကေတနဲ့သတ်မှတ်ပါတယ်။ အောက်မှာပြထားတဲ့ပုံ (ဆေးစစ်ချက်အဖြေ) ကိုကြည့်ပါ။ လွန်ခဲ့တဲ့ ၆လက အသက် ၆၀ အမျိုးသမီးတစ်ယောက်ရဲ့ ကျောက်ကပ်ယိုယွင်းပြီး eGFR 39 အထိ ကျဆင်းသွားပါတယ်။

ဒါကြောင့် သူ့ကို တစ်ရက်ခြား ရှီးပတီးတစ်ကောင်စီ ပေါင်းစား ခိုင်းပါတယ်။ အခု ၆လ ပြည့်လို့ ပြန်စစ်လိုက်တော့ eGFR 60 ဖြစ်လာတာကို တွေ့ရပါတယ်။

eGFR 60 ဆိုတာ ရာနှုန်းပြည့် ပြန်ကောင်းတာပါ။ သူ့ကို ရှီးပတီးအပြင် ကျောက်ကပ်ကို သန့်ရှင်းအောင် support လုပ်ပေးနိုင်တဲ့ ကျောက်ဖရုံသီး၊ ကတက်ဥ၊ ဖရဲသီး၊ မုန်လာဥအဖြူ၊ ငါးပြေမနဲ့ စောင်းလျားသီး၊ပန်းသီး စသည်ကိုလည်း အခါအားလျော်စွာ စားခိုင်းပါတယ်။

ကျောက်ကပ် အဆိပ်ဖယ်ထုတ်ချိန် ဖြစ်တဲ့ ညနေခင်း မတိုင်မီမျာလည်း ရေအဝသောက်ခိုင်းပါတယ်။ ဒီလိုနဲ့ပဲ ၆ လ အကြာမှာ ကျေနပ်လောက်တဲ့ အဖြေထွက်ခဲ့ပါတယ်။

မြန်မာနိုင်ငံ တစ်နံတစ်လွှားက ကျောက်ကပ်ရောဂါသည်များ သိအောင် ကုသိုလ်ဖြစ် မျှဝေပေးစေချင်ပါတယ်။

ချစ်ခင်လေးစားလျှက်
မင်း ကျော် ဝင်း

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page