အမှန်တကယ် ငွေဝင် ငွေရွှင်စေတဲ့ ယတြာ (လုပ်ရလွယ်ကူပြီး တကယ်လက်တွေ့ ငွေဝင်ပါတယ်နော်)
ဒီအဆောင်ယတြာကလေ ကိုယ့်အတွက်တော့ တော်တော်အကျိုးပေးတယ် ညီမတစ်ယောက်က ကိုယ့်ကိုလာပြတာနဲ့ လွယ်တယ်ဆိုပြီး လုပ်ကြည့်လိုက်တာ နောက်နေ့ ဘောပွဲ ၂ ပွဲဆက်တိုက်နိုင်တယ်။
ပြီးတော့ ဒီနေ့မနက်မှ ၅၀၀၀ တန်တစ်ရွက်ထပ်ထည့်လိုက်တာ စာအုပ်တိုက်က refund ပြန်ရတယ် လုပ်နည်းကလွယ်လွယ်လေး အိတ်အသေးလေးထဲပိုက်ဆံအသစ်တစ်ရွက်ရယ် ဆန်စေ့ (အနာ/အကျိုး မပါရ ) ၂၁ စေ့ရယ် ထည့်ပြီး အဲ့အိတ်လေးကို ကိုယ့်ပိုက်ဆံအိတ်ထဲထည့်ထားရုံပဲ။
ပိုက်ဆံက တန်ဖိုးများလေ ကောင်းလေ ဒါမယ့်အသစ်တော့ဖြစ်ပါစေ (၁၀၀ တန် ၂၀၀ တန်လည်းရပါတယ်. အသစ်လေးဖြစ်ရုံပဲ)
ဆန်စေ့က ဘာဆန်အမျိုးအစားဖြစ်ဖြစ်ရတယ် အနာ/အကျိုးမပါတဲ့ ဆန်အကောင်းဖြစ်ရင် ရပြီ။ ကိုယ်က ၁၀၀၀၀ တန်အရင်ထည့်ပြီးမှ လာပြတဲ့ ညီမက သူ့သူငယ်ချင်းက ၅၀၀၀ တန်ပါ ထည့်တယ်ဆိုလို့ ထပ်ထည့်လိုက်တာ။
မူရင်းရေးသားသူအား လေးစားမှုဖြင့်