ရန်ကုန် (၈) မြို့နယ် မနက်ဖြန် နေ့တဝက် မီးပြတ်မည် (နောက်နေ့တွေလည်း ပြတ်နိုင်ပါတယ်)

ရန်ကုန် မြို့နယ် (၈) မြို့နယ် လျှပ်စစ်ဓာတ်အား နေ့တဝက် ပြတ်တောက်မယ့် အကြောင်းကို ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ကြေညာချက် ထုတ်လိုက်ပါတယ်။ အပြည့်အစုံကို အောက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်အတွင်းရှိ 66kV ဒဂုံ(အရှေ့) – ကုန်ပဒေသာ(၁) နှင့် 66kV ဒဂုံ(အရှေ့) – ကုန်ပဒေသာ(၂) ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင်အတွင်းရှိ 33kV စိန်ပန်းမြိုင် – တောင်ကမ္ဘာအေး ဓာတ်အားလိုင်းတစ်လျှောက် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင်နှင့် ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်း ဓာတ်အားလိုင်းအသစ်တည်ဆောက်ခြင်းများကို နိုဝင်ဘာလ ၂၃ ရက်နေ့ နံနက် ၉ နာရီမှ နေ့လည် ၁ နာရီအချိန်ထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ထိုသို့ဆောင်ရွက်နေစဉ်အတွင်း ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ရွှေပေါက္ကံ၊ မြောက်ဥက္ကလာပ၊ မရမ်းကုန်း၊ လှိုင်၊ သန်လျင်၊ သုံးခွ၊ လှည်းကူးမြို့နယ်များအတွင်း ယာယီဓာတ်အားပြတ်တောက်နိုင်မည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို့လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး‌ကော်ပိုရေးရှင်း

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page