ရန်ကုန်မြို့ရဲ့ သက်တော်ရှည် နတ်မင်းကြီး (၄) ပါး အကြောင်း

ရန်ကုန်မြို့ရဲ့ သက်တော်ရှည် နတ်မင်းကြီး (၄) ပါး..

မှော်ဘီ ဘိုးဘိုးကြီး ၊ဆူးလေဘိုးဘိုးကြီး ၊ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး ၊သင်္ကန်းကျွန်းဘိုးဘိုးကြီး … ထိုဘိုးဘိုးကြီးလေးပါး မှာ မြတ်စွာဘုရား ပွင့်တော်မူချိန်မှ ယခု့တိုင် သာသနာစောင့်သက်တော်ရှည် နတ်မင်းကြီးများ ဖြစ်ကြောင်း ဘုရား သမိုင်းတချို့တွင်ဖတ်ရှု့မှတ်သားရပါသည်။ ဥက္ကလာပ မင်းကြီးနှင့် ကုန်သည်ညီနောင်တို့ ဘုရားဗျာဒိတ်တော်အရ ရွှေတိဂုံစေတီတည်ထားရန်နေရာဖြစ်သောသိဂုၤတ္တရ ကုန်းတော်ကို စူးစမ်းရှာဖွေကြရာ မတွေ့မရရှိဖြစ်နေ၍ တိုင်းသူပြည်သားများ အကူအညီ ဖြင့် ရှာဖွေကြပြန်ပါသည် ။

ထိုအခါ တွင်လည်း မည်သူမျှ ရှာမတွေ့ကြပေ။ လူ့လောကတွင် ထိုကုန်းတော်ကို သိသူမရှိသဖြင့် ဥက္ကလာပမင်းကြီးသည် ခမည်းတော်သိကြားမင်းအားအကူညီတောင်းရလေသည်။ သိကြားမင်းသည် လည်း အသက်ငယ်သော ေ ကြာင့်ယခင်ရှေးဘုရား သုံးဆူတို့ ၏ တောင်ဝှေးတော်၊ ရေစစ်တော်၊ ရေသနုပ်တော် တို့ကိန်းဝပ်ရာ သိဂုၤတ္တရ ကုန်းတော်ကိုမသိဖြစ်လေသည် ။ ထို့နောက်အသက်ရှည်သောကမ္ဘာနတ်ကြီး ငါးပါး တို့ ကို ပင့်ဖိတ်၍ မေးမြန်းရလေသည်။

၎င်းကမ္ဘာဦးနတ်ကြီး(၅)ပါးတို့သည်သာမန်နတ်မျိုး နတ်နွယ် မဟုတ်၊ ဘဒ္ဒကမ္ဘာတွင် ပွင့်တော်မူသည့် ဘုရားရှင်များအား မှီလိုက်သော နတ်များသက်တော်ရှည်နတ်များဖြစ်ကြသည်။ ကမ္ဘာသက်တော်ရှည်နတ်မင်းကြီးငါးပါးတို့တွင် ဝေဠုသုမနအမည်ရှိဆူးလေနတ်၊ ရောဟဏီအမည်ရှိ ဗိုလ်တစ်ထောင်နတ် ဒက္ခိဏ အမည်ရှိ သင်္ကန်းကျွန်းနတ် အမြိဿနတ်အမည်ရှိ မှော်ဘီနတ်ကြီး၊ စုစုပေါင်းလေးပါးတို့ရောက်ရှိလာသည်ဟု ဘုရားသမိုင်းတချို့တွင်ဖတ်မှတ်ခဲ့ရပါသည် ။

ဝေဠုသုမနနတ်မင်းကြီး (ဆူးလေဘိုဘိုးကြီး)

ထိုနတ်ကြီးများ ရောက်လာ၍ သိကြားမင်းသည် သိဂုၤတ္တရကုန်းတော်ကို သိမြင်ကြဘူးလား ဟုနတ်မင်းကြီးများကို မေးတော်မူရာ ဝေဠုသုမနရုက္ခစိုး နတ်ကြီး ပြောဆိုသည်မှာ …

” ကျွနု်ပ် က ရှေးအထက်က ဘီလူး ဖြစ်သည်။ ကကုသန်မြတ်စွာဘုရား ကြွလာသည် ကို မြင် ၍ ဖမ်းစားမည်ဟု လိုက်လျှင်ဘုရားသခင်ကလည်း ကျွနုပ်ကို တရားဟော၍ သရဏဂုံ ပဉ္စသီလ တို့ကို ချီးမြောက် ပြီးလျှင် လက်တော်၌ ပါသော တောင်ဝှေးတော်ကိုချီးမြှင့်ပေးသွားတော်မူခဲ့သည် ။ ထိုတောင်ဝှေး တော်ကို သိဂုၤတ္တရကုန်းတော် ရှိကညင်ပင်ကြီးအောက် တွင် မြုပ်ထားပါသည် ” ဟု့ ဆို လေသည်။

ပွင့် တော်မူ ပြီးသော ဘုရားလေးဆူ ( သံ ဂုံ ပ မ )ဟုပူဇော် ထား ကြသောကြောင့် ကကုသန် မြတ်စွာဘုရား ကို တွေ့မြင်ဖူးမြှော်ခဲ့ဖူးသော ဝေဠုသုမနနတ်မင်းကြီး(ယခုအခေါ်ဆူးလေဘိုးဘိုးကြီး) သည် သက်တော်အရှည်ဆုံး ဖြစ်ပါသည်ဟုဆိုကြပါသည်။

(တချို့သောသမိုင်းစာအုပ်တို့တွင်ကကုသန်မြတ်စွာဘုရားကို ဖူးမျှော်တွေ့ရပြီးမြတ်စွဘုရား၏ တောင်ဝှေးတော် ပေးသောနတ်မှာ မှော်ဘီနတ်ကြီးဟု့ ဖော်ပြထားသည်။)

ရောဟဏီနတ်မင်းကြီး (ဗိုလ်တစ်ထောင်ဘိုးဘိုးကြီး)

ဘိုးဘိုးကြီး ၏ အတိတ် သမိုင်း မှာ ဘီလူး ဘဝ ဖြစ်ခဲ့ပါသည်။ ဘီလူးဘဝတွင် ပွင့်တော်မူသော မြတ်စွာဘုရား နှင့်တွေ့ပြီး အကျွတ်တရားရမှ ရုက္ခဒေဝ နတ်မင်းဖြစ်လာပါသည်။ ထိုမှတဖန် သက်တော်ရှည် ကမ္ဘာစောင့်နတ်မင်းကြီး ” ရောဟဏီ “ဟု့ အသိအမှတ်ပြု့ထားပြီး ရောဟဏီနတ်မင်းကြီး(ယခုအခါဗိုလ်တထောင်ဘိုးဘိုးကြီး)ဟု့ ခေါ်တွင်ခဲ့ပါသည်။

ကောဏဂုံ ဘုရားသခင်ကြွလာတော်မူသည် ကိုဖမ်းစားမည်ဆိုပြီး လိုက်သွား ရာ ရှင်တော်ဘုရား တရားဟော၍သရဏဂုံ ပဉ္စသီလ တို့ကိုချီးမြှောက်ခဲ့ ပြီး ဓမ္မကရိုက်ရေစစ်တော် ပေးသွားတော်မူခဲ့သည်။ ထိုဓမ္မကရိုက်ရေစစ်တော်က သိဂုၤတ္တရကုန်းတော်ရှိကညင်ပင်အောက်တွင်မြုပ်ထားသည်ဟု့ဆို၏

ဒက္ခိဏ နတ်ကြီး (သင်္ကန်းကျွန်းဘိုးဘိုးကြီး)

ဥဒုမ္ဗရ ခေါ် ဒက္ခိဏ နတ်ကြီး မှာ ယခု့အခါ သင်္ကန်းကျွန်းဘိုးဘိုး ကြီး ဖြစ်ပါသည်။ ရွှေတိဂုံစေတီသမိုငိးတွင် ကဿပ ဘုရားရှင်ပေးသနားတော်မူ သည့် ရေသနုပ်သင်္ကန်းတော် တို့၏ တည်ရှိရာနေရာမြတ် ကို ညွှန်ပြသည်ဟု့ ဖော်ပြ ထားပါသည်။

ထိုနတ်ကြီး မှာ ရှေးဘဝက ဘီလူး ဖြစ်ခဲ့၍ ကဿပမြတ်စွာဘုရား ကြွလာသည် ကို မြင်လျှင် ဖမ်းစားမည်ဟူ၍ လိုက်လေရာရှင်တော်ဘုရား တရားဟောကြား၍ သရဏဂုံ ပဉ္စသီလတို့ကို ချီးမြှောက် ပြီး ရေသနုပ်တော် ကို ပေးသနားတော်မူသည်ဟု့ သိရပါသည်။

အမြိဿနတ်ကြီး (မှော်ဘီဘိုးဘိုးကြီး)

မှော်ဘီ ဘိုးဘိုးကြီးသည်ယခင်ပွင့်တော်မူပြီးသောဘုရား၃ ဆူ ၏ ပရိဘောဂ ဓာတ်တော်များနှင့် ယခု့ပွင့်တော်မူသော ဂေါတမ မြတ်စွာဘုရား၏ဆံတော်ကို စောင့်ရှောက်ရသည်ဟုဆိုပါသည်။

တောင်ဝှေးတော်သည်ဆူးလေနတ်၏ဦးခေါင်းထက်၊ဓမ္မကရိုက်ရေစစ်တော်သည် ရောဟဏီ ဘိုးဘိုး ကြီး၏ ဦးခေါင်းထက်၊ ရေသနုပ်တော် သည် ဥဒုမ္ဗရ ရုက္ခစိုး ခေါ်ဒက္ခိဏ နတ်ကြီးပေါ်ကျ၏ ။ မှော်ဘီ နတ်ကြီး သည် ဆံတော် ဓာတ်တော်ကို စောင့်ရှောက်ပေးသည်ဟုဆိုကြပါသည်။

ဆူးလေနတ်မင်းကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်၊ ရောဟဏီမည်သော ဗိုလ်တထောင်နတ်မင်းကြီးထံမှ ရရှိသည့် ကောဏဂုံမြတ်စွာဘုရားရှင်၏ ရေစစ်တော်၊ ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်မင်းကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်၊ တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ရွှေတိဂုံစေတီတော်ဌာပနာတိုက် အတွင်းထည့်သွင်းတော်မူခဲ့ပါတယ်။

ထိုဆံတော်ဓာတ်တို့ကို ‘အမြိဿရ’ မည်သော မှော်ဘီနတ်မင်းကြီးက စောင့်ရှောက်ရသည်ဟုအချို့သောဘုရားသမိုင်းနှင့် ရွှေတိဂုံသမိုင်းတို့ကရေးသားဖေါ်ပြကြပါတယ်။ ယခုထက်တိုင်၎င်းနတ်မင်းကြီးလေးပါးတို့သည်ရန်ကုန်မြို့နှင့်တကွ၊မကောင်းသူပယ်၍ကောင်းသူတို့၏အကျိုးစီးပွားတို့ကိုစောင့်ရှောက်ပေးလျက်ရှိကြောင်း၊ အချို့သောယုံကြည်သူတို့မှ ကိုးကွယ်အားထားလျှက် ပူဇေါ်ပသလေ့ရှိကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

(ဖတ်မိသော ဘုရားသမိုင်းတချို့မှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။) Min Gyi

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page