ရဲမေတစ်ဦး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ် မန္တလေးည တစ်ည
ရဲမေတစ်ဦး ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ခြောက်ခြားဖွယ် မန္တလေးည တစ်ည…
ညကြီးမိုးချူပ် အဆောင်က ဂျူနီယာ ညီမလေး ခွင့်ပြန်လို့ ကယ်ရီနဲ့ သွားရလာရတာ စိတ်မချလို့ ကိုယ်တိုင်သွားကြိုသွားပို့ လုပ်ပေးတယ် . . အပြန် တစ်ယောက်တည်း အုပ်စုဖွဲ့ လိုက်ခံရတယ်။
လက်ထဲကဖုန်း နာရီကြည့်မိတော့ ၁၀နာရီ ၅မိနစ် ကိုယ့်နောက်လိုက်လာကြတာလား သူတို့ခရီး သူတို့ရှေ့ဆက်ကြ တာလား..? သေချာအောင် ကိုယ့်ဆိုင်ကယ်ကို အရင်အရှိန်တင်တယ် . .ဒီကောင်တွေ လိုက်ကပ်တယ်
ပြန်ပြီး အရှိန်လျော့ပစ်တယ် . .ကျော်သွားပြီး ကိုယ့်ဘေးပြန်ကပ်ကြတယ် . . ဘောဂသီရိကနေ.နှင်းဆီဝိုင်းအကျော်၊ လူသူကလည်းပြတ် ကားလေးကတစ်စီးစ နှစ်စီးစ..ဆိုင်ကယ်နဲ့ ပတ်ပြေးရအောင်လည်း ဒင်းတို့က စူပါဖိုး ၂စီး ၁စီးက မခေါ်တတ်ဘူး. ဆိုင်ကယ်ယှဉ်စီးတောင် ကိုယ့်စကေး အ့လောက် မညံ့ဘူး . .ငယ်ငယ်ကတည်းက ရွာလမ်း လယ်ကွင်း ဘောင်ပြားလေးကို လေဗာကုန် သုတ်ခဲ့တာကို
ခက်တာက… အ့ဒီစူပါဖိုးတွေကို ကိုယ့် 110 လေးက မပြေးပါနဲ့ မလွတ်ဘူးဆိူတာ ပြောနေသယောင်ယောင် ကွကိုယ် ” ရဲ “မကလို့ နီနေနေ. . .အကြမ်းဖက်ဆင်းမကလို့ အနုဖက်ဆင်းနေနေ…
ဆိုင်ကယ်၃စီး လူ၆ယောက်ကို မှောက်သွားအောင် ဖိုက်ရအောင် ကိုယ်က ရုပ်ရှင်ထဲက ဂျက်မမှ မဟုတ်တာ ဖြစ်ပြီဟေ့ ဆိုရင်လည်း..သူသေကိုယ်ကြေ ချဖို့ သတိကလည်း..ကပ်နေရသေးတယ်
အနိုင်အရှူံးက လေ့ကျင့်ရေးထဲက ကြိုးဝိုင်းမှာလို ဒဏ်ရာရဖူးယောင်နဲ့ မပြီးနိုင်ဘူး. . . ရှူံးရင် အချိန်ကာလနဲ့ နေရာဒေသ အရ လူသတ်လုယက်မုဒိန်းမှုတော့ ဖြစ်မှာပဲ. . .ဖြစ်သွားရင်လည်း ငါလည်းဘဝတုံး . . ရဲမေဟ ရဲတပ်ဖွဲ့ဟနဲ့ ငါ့ကြောင့် ငါ့တပ်ဖွဲ့လည်း သိက္ခာကျရဦးမယ်။
တာဝန်နဲ့ထွက်လာတာမဟုတ်တဲ့အတွက် ပြသာနာဖြစ်ရင်တောင် ဟိုကောင်တွေက မှောက်ကုန်ပါပြီတဲ့. . .ကိုယ်လည်း မပြီးသေးဘူး . . .ကိုယ်ကအရေးထပ်ယူခံရဦးမယ်. . .ဘာမှစဉ်းစားမနေနဲ့. . ဘယ်နိုင်ငံမှာမှမရှိတဲ့ဥပဒေ ဒီနိုင်ငံမှာ ရှိနေတယ်..”ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ”
တွေးလည်းတွေး စိုးလည်းစိုးရိမ်နဲ့ . လူမပြတ်မီးမပြတ်တဲ့လမ်းပ ဲပတ်မောင်းနေမိတာ . . ဆီကတော့ ဖြည့်ပြီးသားမို့ ၃၀၀၀ဖိုးက ကမ္ဘာပတ် ..ရသေးတယ်..
မီးပွိုင့်ကျ..ဘေးကယှဉ်စီးတဲ့ သူတောင်းစားက..မျက်စိမှိတ်ပြတယ်. . . ကြည့်မိတာကိုက ငါ့အမှား.စိတ်ထဲကနေ ကျိတ်ဆဲမိတယ် ”သဒေါင်းစားကြီး”
ဘုရားကြီးမီးပွိုင့်ကနေ ညာကွေ့ပန်းခင်းလမ်းထိပ်…ရှေ့ဆို ညာချိုးရင် ရဲတိုင်းရုံးထဲရောက်ပြီ . . .ဒါပေမယ့် မရောက်ခင် မီတာ ၇၀၀ ၁၀၀၀ ခန့်က မီးပြတ်လူပြတ်လမ်းကြီး ကွေ့မဝင်ရဲဘူး.မလိုလားအပ်တဲ့ပြသာနာတွေ .ဖြစ်သွားနိုင်တယ်
ကိုယ့်ရုံးရှိရာ မကွေ့ဘူး . . ဆက်မောင်းလာတယ် . . .ဒီကောင်တွေကို ငါဘယ်လိုထားခဲ့ရမလဲ? . သူတို့ဘက်က စ လာရင် ငါ ဘယ်လိုကာကွယ်ရမလဲ? . ငါ ဘယ်လိုတွေ ပြင်ဆင်သင့်လဲ? ငါ ဘယ်လိုချမလဲ? . . ကိုယ်ခံပညာတွေ မှတ်မိသ လောက် လည်း စဉ်းစားတယ်.. တွေးနေတာလည်း..ရင်တဒိန်းဒိန်းနဲ့
ဘုရားစာလည်း ရွတ်နေတာပဲ. . .သံဗုဒ္ဓေ ရော ဂုဏ်တော်ကိုးပါးရော . . .သရဏဂုံလည်းရွတ် . .ရသမျှဂါထာ အကုန်ရွတ်ဆို ရုပ်ပေါက်တွေကလည်း..မာဖီးယားဂိုဏ်းက ဘယ်လက်ရုံးညာလက်ရုံးဆိုဒ်နဲ့ . . .ဆေးမှင်ကြောင်တွေရောပဲ
ကားတစ်စီးလာတော့..ကိုယ်က . .အ့ကားနား ကပ်လိုက် မီးပွိုင့်မိတော့..သကောင့်သားတွေနဲ့ ယှဉ်ရပ်မိပြန်ပြီ.. ဒီတစ်ခါ.. ဒင်းတို့ကို.မကြည့်ဘူး . . .ခပ်တည်တည်ပဲ… အဲ့မှာ.လက်က . . .ဖုန်းပါဝါခလုတ်နှိပ်မိတော့ အဟီး ကိုယ့်အခွက်ကြီးပေါ်လာတယ်။ ယူနီဖောင်းကြီးနဲ့.. အ့မှာ. တစ်ကောင်က ဒါကို မျက်လုံးရောက်တော့ . .ကိုယ်က စပြီ
ခပ်တည်တည်ပဲ ဖုန်းတွေကောက်ခေါ် ”ဟယ်လို ဗိုလ်ကြီး.ပေါ်တာဆွဲဖို့က လူဘယ်နှစ်ယောက်လဲ ၃၀ ဟုတ်လား ဗိုလ်ကြီး..အခု ဒီထောင့်က ကင်းပုန်းထွက်လာလိုက်တော့.ပန်းခင်းလမ်းမှာ ၂ယောက်တွေ့တယ် . .ဆွဲလို့ရပြီ..ပီးရင် မြင်းရုပ်ဘေးနားမှာ မှောင်ရိပ်ခိုနေတာ ၁ယောက်..အ့နားက ကင်းပုန်းလည်း ထွက် ဆွဲလိုက်တော့ ဗိုလ်ကြီး..ကျွန်တော် ပတ်လိုက်ဦးမယ်. . . ဟုတ် ဗိုလ်ကြီး..ကျန်တဲ့ ကင်းပုန်းတွေလည်း ဆွဲဖို့ထုတ်ဖို့ ထပ်ပြောမယ် ဗိုလ်ကြီး..ဟုတ်ဗိုလ်ကြီး လေးစား..”
မီးမစိမ်းခင် ရှေ့ကကားလည်းရှိတုန်း လိုရင်းကို မြန်မြန်ပြောရသေး . . မဟုတ်..ဖုန်းတောင် လုသွားနိုင်တယ်.. ”ဟာ အမက ရဲမေလား..” စလာပါပြီ..မာဖီယားဂိုဏ်းစတားရုပ်နဲ့ကောင်က မီးကလည်းမစိမ်းသေးဘူး။
”ဟုတ်တယ်..ပေါ်တာဆွဲဖို့ လူလိုက်စုနေတာ ခင်ဗျားတို့ဝင်မလား..လစာ၂သိန်းနီးပါးရတယ် ထောက်ပံ့ကြေးတွေရော .ရတယ်..စားရိတ်ငြိမ်းခေါ်ပါ့မယ်ဗျာ ရဲထဲဝင်ပါ့လား.ကျွန်တော်တောင် ရဲမေလုပ်ရတာ အဆင်ပြေတယ်ဗျ . . .အခုဒီနားမှာ ကင်းပုန်းချထားတဲ့ ကျွန်တော့်တပ်စိတ်ရှိတယ် စိတ်ဝင်စားရင် အကိုတို့ တစ်ခါတည်းလိုက်ခဲ့လို့ရတယ်”
ခပ်တည်တည်ပဲ ဖောရတာပေါ့..မီးလည်းအစိမ်း ”မလုပ်ချင်ပါဘူး..အမရာ . . အ့မို့ မရီးကို မြင်ဖူးလို့ ကြည့်နေတာ . .လတ်စသတ်တော့ မကြီးက ရဲမေကိုး . .ကျွန်တော့်ဦးလေးလည်း ရဲပဲ မကြီး အ့တိုင်းရုံးထဲမှာပဲနေတာ. .ရဲအုပ်အေးမောင် လေ မကြီးသိလား”
မကြားဖူးတာတော့အမှန်ပါ ”ရလား..မကြီး သားတို့ လိုက်ပို့ပေးရမလား . . ပေါ်တာက ဘယ်လိုနေ့တွေဆွဲတာလဲ မကြီး . .ဘယ်နေရာတွေ ကင်းပုန်းချတာလဲ…ဟီး” ရူးကြောင်မူးကြောင်တွေနဲ့..စိတ်လေတယ်။ ”ခဏလေး..ငါ့ဗိုလ်ကြီးဆီ ငါဖုန်းဆက်လိုက်ဦးမယ်။ ပန်းခင်းလမ်းထောင့်က ၂ယောက်ရလားဆိုတာ”
”ဟုတ်..ဟုတ်..မကြီး..သားတို့ကို ခွင့်ပြုဦးနော်.. သွားရအောင်ဟျောင့်ဒေ..မကြီး နောက်တွေ့ရင် သားတို့ကိုနုတ်ဆက်နော်..”
ဟူး………ကျန်နေခဲ့တဲ့ ဆိုင်ကယ်မီးခိုးတွေနောက်မှ ပြေးထွက်သွားတဲ့ ဆိုင်ကယ်၃စီးနဲ့ မာဖီးယားဂိုဏ်းသားတွေ မျက်စိရှေ့က ပျောက်သွားမှပဲ . .ရင်ထဲက အလုံးကြီးကျသွားပါရောတယ်။
အဲ့ကနေ..အဆောင်ကို လီဗာကုန် သုတ်လာတာ . .နောက်တစ်ခါ ဒီကောင်တွေ ပြန်ကပ်မှာကြောက်လို့လေ . .နောက်က မီးမြင်ရင်ကို..ဟာ လမ်းသွားလမ်းလာ အဖော်ရတယ်ဟဆိုပြီး.ဝမ်းမသာပဲ . . ဒီကောင်တွေ ထင်ပြီး အသကုန်သုတ်တော့ တာပဲ . . .
ဖုန်းလေးဖွင့်လို့ ပေါ်လာတဲ့ပုံမြင်တိုင်း ”ရုပ်ဆိုးကြီးကို တင်ထားတယ်” ”ဆိုးလိုက်တဲ့ အခွက်ကြီး” .”ဂျစ်တိဂျစ်ကန်ရုပ်နဲ့” စတဲ့. ကောင်းချီးအဖြာဖြာနဲ့ . .ထောပနာအပြုခံရတဲ့ ကိုယ့်အခွက်ကြီးက ဒီတစ်ခါတော့ ကိုယ့်ဘဝကို ကယ်တင်နိုင်ခဲ့တယ်။
ပြသာနာလည်းမဖြစ် . . . လူလည်းဘေးဒုက္ခမရောက်ရဘဲ အဆောင်ကို ချောချောမွေ့မွေ့ပြန်ရောက်ခဲ့တယ်။