ရန်ကုန်နဲ့ အနီးဆုံး တိမ်ပင်လယ် ရဲနွယ်ဆည်ရဲ့ အမှောင်ဖက်ခြမ်း (သွားမယ့်သူများ သတိထားကြပါ)

ရန်ကုန်ရဲ့ အနီးဆုံး တိမ်ပင်လယ် ရဲနွယ်ဆည်ရဲ့ အမှောင်ဖက်ခြမ်း (သွားမယ့်သူများ သတိထားကြပါ)

သေချာလေ့လာပြီးမှ ရီဗျူး လုပ်စေချင်ပါတယ်။

ကိုယ် ၃ နှစ်လောက်တာဝန်ကျခဲ့တဲ့ နေရာနား ပဲခူးတိုင်း၊ ကျောက်တံခါးမြိ့နယ်အပိုင်မှာရှိတဲ့ပဲခူးရိုးမက ရဲနွယ် ဆည် (အမြန်လမ်း ၈၄ မိုင်နား)မှာ night stop camping အတွက်review ရေးထားတာတွေ့လို့ပါ။ နေရာက တကယ်သာယာလို့ နေ့ဘက်သွားလို့သင့်တော်ပါတယ် (လူအုပ်နဲ့ဆို) ညအိပ်ဖို့တော့ လုံခြုံရေးအားနည်းပါတယ်။

နိုင်ငံ့ဝန်ထမ်းတွေတောင် တာဝန်ချိန် သစ်ခိုးဂိုဏ်းတွေရဲ့ ရန်ရှာခံရတဲ့နေရာပါ။ ပြီးတော့ private own area မဟုတ်ပါ။ (အခန့်မသင့်ရင် တရားစွဲခံရနိုင်ပါတယ်။) သစ်တော သို့ ဆမ ပိုင်မြေပါ ( လုံခြုံရေးအရ စီးပွားဖြစ် ညအိပ်ရပ်နားခြင်း ခွင့်မပြုလောက်သေးပါ)။ ရီဗျူးလုပ်တဲ့သူများ ကျင့်ဝတ်နဲ့ညီစေချင်ပါတယ်။

မှတ်ချက်။ သက်ဆိုင်ရာ ဌာနအကြီးအကဲဆီလည်း အကြာင်းကြားထားပါပြီးပါပြီ။

Naing Linn Aung

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page