ငွေ (၂) ဆ ပွားစေသော ငွေပွား အစီအရင် (တစ်လမှာ နှစ်ကြိမ်သာ ပြုလုပ်ခွင့်ရှိပါတယ်)
တစ်လမှာ (၂) ကြိမ်သာ ပြုလုပ်ခွင့်ရှိသော ငွေ (၂) ဆ ပွားစေတဲ့ ငွေပွား အစီအရင်…
ဝင်ငွေများ ပုံမှန်ဝင်နေရာကနေ ရုတ်တရက် ရပ်တန့်သွားသူများ၊ လုပ်ငန်းကိစ္စများလုပ်သလောက် ကြိုးစားသလောက် အလုပ်မဖြစ်ထွန်းသူများ၊ လုပ်နေတာတစ်မျိုး ဖြစ်နေတာတစ်မျိုး အမျိုးမျိုးလွဲချော်နေကြသူများ၊ မနာလိုအပြိုင်အဆိုင် အတိုက်အခိုက်များကြောင့် စိတ်အနှောက်အယှက်ဖြစ်နေရသူများ၊ ငွေကြေးနဲ့ပတ်သတ်လို့ စိတ်သောကရောက်နေသူများ စသောအမျိုးမျိုးအထွေထွေသောကိစ္စများကြောင့် သောကရောက်နေသူများအတွက် အထူးရည်ရွယ်၍ လွယ်ကူထိရောက်မှုရှိသော ငွေပွားအစီအရင်အား မျှဝေပေးလိုက်ပါတယ်။
သိသူဖော်စား မသိသူကျော်သွား ငွေပွားအစီအရင်သည် (၇) ရက်သား/သမီး မည်သူမဆိုလုပ်ဆောင်နိုင်သော လွယ်ကူရိုးရှင်းငွေပွားအစီအရင်မို့ ယုံကြည်စွာ လုပ်ဆောင်ကြည့်ပါ။ သိသာထူးခြားစွာ အကျိုးပေးပါလိမ့်မယ်။
“အစီအရင်လုပ်ဆောင်ပုံ”
ပန်းကန်ပြားတစ်ချပ်ပေါ်တွင် ပိုက်ဆံ ၁၁၀၀ ကျပ်အားတင်ပါ။ ထိုပိုက်ဆံပေါ်တွင် သံပုရာသီးစစ်စစ် ၂ လုံးအားထည့်၍ ရေဖြည့်ထားသော ဖန်ခွက်တစ်ခွက်တင်ပါ။ မိမိနေအိမ်ရှိ မြတ်စွာဘုရားတွင် တနင်္လာနေ့တစ်ညထားပြီး နောက်တစ်ရက် အင်္ဂါနေ့မနက် (၇) နာရီမှ (၇) ခွဲအတွင်း ထိုဖန်ခွက်ထဲမှ သံပုရာသီးတစ်လုံးကို ယူ၍ ၄ စိပ်စိပ်ပါ။
မိမိနေအိမ်၊ ခြံ၊ တိုက်ခန်း စသောနေရာထောင့်လေးထောင့်မှာ ထိုသံပုရာသီး ၄ စိပ်အား တစ်စိပ်စီချထားပါ။ ကျန် သံပုရာသီး တစ်လုံးအားလဲ ထိုဖန်ခွက်မှယူ၍ ၂ ခြမ်း ခြမ်း။ ပြီးလျှင် ထို ၂ ခြမ်းအား ဖန်ခွက်ထဲရေညှစ်ထည့် ကာ အိမ်ခြံဝန်း ပတ်ပတ်လည်မှာ ဖြန်းထားပေးပါ။ ပိုက်ဆံ ၁၁၀၀ ကျပ် အား မိမိပိုက်ဆံအိတ် ထဲတွင်အမြဲဆောင်ထားပါ။
သိသိသာသာ ငွေဝင်သလို လက်ရှိ ရှိနေသော ငွေအားလဲ (၂)ဆ တိုးပွားလာစေရန် အထောက်အကူဖြစ်စေပါတယ်။ အနှောက်အယှက်ကင်းကင်း နှင့် စိတ်ချမ်းသာစွာ ငွေပွားလာမည်မှာ ဧကန်ဖြစ်ပါတယ်…
မှတ်ချက်။ ။ဤ အစီအရင်အား တစ်လတွင် ၂ ကြိမ်သာ လုပ်ဆောင်ပါ။
သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများနှင့်တကွ ဆရာတင်ထူးအားလဲ လေးစားဦးခိုက်လျှက်..
ဆောင်းသော်တာဝေ (တားရော့၊ မြန်မာဗေဒင်နှင့် ယတြာအစီအရင်)