ရဟန္တာကြီးတွေ ဆွမ်းကပ်ခြင်းနဲ့ ပတ်သက်ပြီး နောက်ကွယ်က လူမသိသေးတဲ့ အကြောင်းတရားများ
ရဟန္တာကြီးတွေ ဆွမ်းကပ်ခြင်းနဲ့ ပတ်သက်ပြီး နောက်ကွယ်က လူမသိသေးတဲ့ အကြောင်းတရားများ
ပုံမှန်အားဖြင့် ကိုယ့်အိမ်က ဘုရားစင်မှာ ဆွမ်းတော်တင်ထားတာက ကြွက်ကပဲ လာနှိုက်စားနိုင်တယ်။ သရဲက လာနှိုက်မစားနိုင်ဘူး။
ဒါပေမယ့် အိမ်ရှေ့မွှေးတိုင်ထွန်းလိုက်တာက သရဲတွေ အိမ်ထဲဝင်လာနိုင်တယ်လို့ ခွင့်ပြုပေးလိုက်တဲ့ သင်္ကေတဖြစ်တယ်။ မြင်အပ် မမြင်အပ်ဆိုတဲ့ထဲမှာ သရဲတွေလည်း ပါတယ်။ နေစရာရှိတဲ့သူကတော့ သာဓုခေါ်စရာရှိတာခေါ်၊ စားစရာရှိတာ စားပြီး ကိုယ့်နေရာကို ပြန်သွားမှာပဲ။
နေစရာမရှိတဲ့ ခပ်ဆိုးဆိုး သရဲတွေက မပြန်ပဲ အိမ်ထဲ နေနေခဲ့မယ်။ တောက အမျိုးတွေ အလည်ခေါ်တယ်။ အလုပ်အကိုင် အဆင်ပြေတဲ့ အမျိုးက လည်ပတ်ဘုရားဖူးပြီး ပြန်သွားတယ်။ အလုပ်အကိုင် အဆင်မပြေ စားဝတ်နေရေး ကြပ်တည်းနေတဲ့ အမျိုးက မပြန်တော့ဘူးလေ။ အဲဒီသဘောအတိုင်းပဲ။
အိမ်ရှင်က ခေါ်ထားတဲ့သရဲဖြစ်နေလို့ အိမ်စောင့်နတ်ကလည်း နှင်ထုတ်နိုင်စွမ်း မရှိတော့ဘူး။ သတ်သတ်လွတ်ကပ်လို့ သရဲမကြိုက်ဘူး ဆိုကြသေးတယ်။ သရဲက ငတ်နေတဲ့ သတ္တဝါအမျိုးအစားမို့ ရတာအကုန်စားတာ။ သတ်သတ်လွတ်တာ မလွတ်တာတွေ ရွေးမနေဘူး။
သရဲက စုပ်ခွက်ငါးထက်တောင် အစားပက်စက်သေးတယ်။ ဓမ္မပဒမှာပါတဲ့ သရဲတွေကြိုက်တဲ့ အစားအစာစာရင်းအရ သစ်သီးကလွဲရင် ထမင်းဖြူကအစ သရဲကကြိုက်တယ်။ ဆွမ်းစသည် လျော့နေတာ ခြေရာကျန်ခဲ့တာက သရဲက နောက်ထပ် ထပ်စားရအောက်လို့ ခွင်ဖန်တာက ဖြစ်ဖို့များတယ်။
နောက်ပြီးတော့ အထက်အညာ ရွာတစ်ရွာက ရခဲ့တဲ့နည်းဆိုပြီး ရေးထားတယ်။ အထက်အညာမှာက သရဲမွေးပြီး လုပ်စားနေကြတဲ့ ဘုန်းကြီးတွေ လူတွေရှိတယ်။ မွေးထားတဲ့ သရဲနဲ့ မွေးထားသူနဲ့ ဇာတ်တိုက်ပြီး လုပ်စားနေကြတာ။ သရဲမွေးထားသူတွေက ဘုန်းကြီးနေနေ လူနေနေ နောက်ပိုင်းမှာ သူမွေးထားတဲ့သရဲကြောင့် သေကြတာချည်းပါပဲ။
မွှေးတိုင်မထွန်းပဲ မြင်အပ် မမြင်အပ် စသည် ထည့်မဖိတ်ပဲ ရဟန္တာပဲ ရိုးရိုးပင့်ကြည့် ဘယ်ဆွမ်းမှ မလျော့ဘူး။ ဘယ်ခြေရာမှ မကျန်ခဲ့ဘူး။
Ashin Khema Nanda