ငါးခြောက်ကြိုက်တဲ့သူတွေအတွက် အချက်ပေးခေါင်းလောင်းသံ (လောဘသားတွေရဲ့ ကြောက်စရာလုပ်ရပ်)

ယင်မနားဆေးစိမ်၊ ဆေးဖြန်းထားတဲ့ ငါးခြောက်နဲ့ ကိုယ်တိုင်ကြုံတွေ့လာရတဲ့ အိမ်ရှင်မ တဦးရဲ့ အဖြစ်အပျက်နဲ့ ကြုံဖူးခဲ့တဲ့လူတွေရဲ့ မှတ်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ-

တစခုလောက်မေးကြည့်ချင်လို့ပါ။ ငါးခြောက်တွေကို ဆေးစိမ် သုံးတာမျိုးရှိလားခင်ဗျ။ ဘာကြောင့်မေးတာလည်းဆိုတော့ တရက်က ငါးရံခြောက်နဲ့ ခရမ်းချဉ်သီးရည်ကျဲ ဟင်းချက်ပါတယ်။ ငါးခြောက်ကတော့ ကျန်းမာရေးကြောင့် မစားဖြစ်တာ ၂ နှစ်လောက်ရှိနေပါပြီ။

မစားရတာကြာတဲ့ တမာရွက်လေးတွေရလို့ ငါးခြောက်နဲ့ခရမ်းချဉ်သီးဟင်း ချက်စားဖို့လုပ်ပါတယ်။ အခုငါးရံ့ခြောက်ကိုတော့ အရင်ဆုံး ရေသေချာဆေးပြီး ဆားရည်စိမ်ထားပါတယ်။ တော်တော်ကြာမှ ရေဆေးပြီးတော့ ရိုးရိုးရေနဲ့ ပြန်စိမ်ထားပါတယ်။

ဟင်းချက်ပြီးတဲ့အခါ စားတော့ တချို့ငါးခြောက်အသားဖတ်က ဓာတုဆေးဝါးအနံ့လိုမျိုး (ခပ်မွှန်မွှန်အနံ့နဲ့)သဘာဝမဟုတ်တဲ့ အနံ့ရပါတယ်။ အဲ့ဒါနဲ့ပဲ ငါးခြောက်အသားဖတ်ကို မစားဖြစ်တော့ပါဘူး။ အဲ့ဒါ ဆေးစိမ်/သုံးထားလို့ဖြစ်တာလား သိချင်လို့ပါ။ ပုံကတော့ အဲ့ဒီနေ့ကချက်ဖြစ်တဲ့ ခရမ်းချဉ်သီးရည်ကျဲဟင်းလေးပါ။

မှတ်ချက် (၁) – အသိငါးခြောက်သည်က ပြောပြတယ်။ ယင်မနားအက်စစ်သုံးရပါသတဲ့။ ဒါမှအကောင်မတက်အောင်တဲ့။ အဲ့အက်စစ်က အသည်းကိုခြောက်တတ်၊ ကင်ဆာကိုဖြစ်စေတတ်လို့ ရေနွေးတခါမပြုတ်ဘဲ ပြုတ်ပြီး ရေအထပ်ထပ် မဆေးပဲ မစားပါနဲ့တဲ့ရှင်။

မှတ်ချက် (၂) – အဲဒါကြောင့် ယင်ဆေး ဆိုးဆေး ယမ်းစိမ်း မသုံးတဲ့ နေရာမှာဝယ်စားသင့်တယ်။ အထူးသဖြင့်တနိုင်လုပ်သူတွေဆီ ဝယ်စားသင့်တယ်။ ဒါပေမဲ့ လူအများကလဲ ဂျင်းမှကြိုက်ကြတယ်။ သူတို့သိ သူတို့တတ်ချည်းဘဲ ပြောလို့အရာမထင်ဘူး။ ဥပမာ အုန်းပျိုဆီလိုပေါ့။ ဘယ်သူမှ အုန်းပင်ပျိုက အသီးမှရွေးပြီး ဆီမလုပ်ဘူးနော်။ စီးပွားရေးသမားပါဆိုမှဘဲကွယ်။ ကျမလဲထပ်ထပ်ပြောရင် လူမုန်းတော့မယ်။

မှတ်ချက် (၃) – သေချာတယ်။ ငပိ ငါးခြောက်ဆိုင်ဆိုတာ ယင်ကောင်သိပ်ကြိုက်တဲ့နေရာပါ။ တကောင်မှ လာမနားဘူး။ စလှမ်းချိန်ကနေ ဆေးစိမ်လှမ်းတာ။ ငပိရေချို ငပိစိမ်းစားဆိုရင်လဲကြည့်လိုက်၊ ယင်ကောင် မရှိပါ။ သန့်ရှင်းလို့ မထင်လိုက်နဲ့ ထည့်ထားတဲ့အိုး ဇလုံနှုတ်ခမ်းကို ဆေးနဲ့ ပတ်လည်ပွတ်ထားတာ၊ သူတို့ထည့်ရင်ကြည့် ငပိနဲ့နှုတ်ခမ်းကို မထိအောင် ခပ်ထည့်ပါတယ်။ ကိုယ်တွင်းရောဂါတွေဖြစ်လာတဲ့အကြောင်းတစ်ခုပါ။

မှတ်ချက် (၄) – ကိုယ်တိုင်မစိုက်ရင် ကိုယ်တိုင်မလှမ်းရင် အသီးအရွက်တွေ ငါးခြောက်တွေ စားရင်ဒီအတိုင်းရေဆေးစားလို့ မရနော်။ ဆားထက် ရှာလကာရည်ပိုသန့်စေတယ်။ ရှာလကာရည်ထက် မုန့်ဖုတ်ဆိုဒါ ပိုသန့်စင်စေတယ်။ အဆင်ပြေတာနဲ့။ အရင်စိမ်ပြီး ရေအသန့် ၃/၄ထပ်ပြန်ဆေးပါနော။ အိမ်မှာတော့ မုန့်ဖုတ်ဆိုဒါ ဆောင်ထားသုံးပါတယ်။

မှတ်ချက် (၅) – တချို့ပင်လယ်ခြောက်တွေမှာတော့ သဘာဝကိုက မွှန်တဲ့အနံ့မျိုးရှိပါတယ်။ ငါးလိပ်ကျောက်တို့ ငါးမန်းတို့ဆို ပိုသိသာပါတယ်။ ရေချိုခြောက်မှာလည်း ငါးရံ့အကောင်ကြီးတွေဆို စဉ့်အိုးကြီးတွေမှာ စိမ်တာတွေ့ဖူးပါတယ်။ ကသာမှာတုန်းကပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page