ကိုဗစ်-၁၉ ပိုးဟာ ရေထဲမှာ အသက်ရှင်နိုင်သလား? ရေကနေ ကူးစက်နိုင်သလား?

ကိုဗစ်-၁၉ ပိုးဟာ ရေထဲမှာ အသက်ရှင်နိုင်သလား? ရေကနေ ကူးစက်နိုင်သလား?

ကြည့်ရတာ အိမ်က ရေပိုက်ကရေနဲ့ မျက်နှာသစ်ပလုတ်ကျင်းရတာ၊ ရေချိုးရတာ မလုံခြုံတော့ဘူးထင်ပါရဲ့။

ဒီကိစ္စကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောတဲ့အတိုင်း ပြောပါ့မယ်။ အခုအချိန်အထိ သောက်သုံးရေနဲ့ အိမ်သာကန်ကနေ ကိုဗစ် ကူးတာ မရှိသေးပါ။ ဒီဗိုင်းရပ်စ်ဟာ သောက်သုံးရေထဲမှာ အသက်ရှင်နိုင်ပါတယ်။ သို့သော် အချိန်ကာလ နဲ့ အကြောင်းတရားပေါ်မူတည်ပါတယ်။

ဒီနေရာမှာ WHO က မပြောတော့ Arizona မှာ စမ်းထားတဲ့ သိပ္ပံပညာရှင်တွေရဲ့ တွေ့ရှိချက်ကို ပြောပြပါမယ်။ သူတို့က HCoV နဲ့ စမ်းတာမို့ SARS-CoV-2 နဲ့ စမ်းတာတော့မဟုတ်ဘူး။ တွေ့ရှိချက်တော့ သိပ်မကွာဘူးလို့ ထင်ရပါတယ်။

ဒီနေရာမှာ သိထားရမှာက ကိုရိုနာဗိုင်းရပ် ဟာ အလွှာပါးလေးနဲ့ အုပ်ထားတဲ့ နုနယ်တဲ့ ဗိုင်းရပ်စ်ပါ။ ပျက်စီးလွယ်ပါတယ်။ ရေပိုက်ကရေထဲမှာ (23’C) ၂၃ ဒီဂရီစင်တီဂရိတ် ရေအပူချိန်မှာဆို ၁၀ ရက်အသက်ရှင်နိုင်ပါတယ်။ (4’C) ၄ ဒီဂရီ စင်တီဂရိတ် ရေအပူချိန်မှာဆို ရက် ၁၀၀ ကျော် အသက်ရှင်နိုင်ပါတယ်။ သူတို့က သူတို့တိုင်းပြည်အပူချိန်နဲ့ စမ်းတာ။ ကျနော်တို့ဆီမှာ ပိုပူတော့ နည်းနည်း ရှင်နိုင်ခြေပိုနည်းမယ်။

ကဲ.. ကျနော့်ယူဆချက်ကို ပြောပါမယ်။

ဒါက ပုလင်းထဲကို သောက်ရေသန့်ထည့်ပြီး အဲ့ထဲကို ပိုးထည့်ပြီးစမ်းမှပါ။ သဘောက အများသုံးနေရာတွေမှာ ရေခွက်အတူသောက်ရင် သတိထားရမယ်။ သို့သော် ပိုးပါတဲ့ရေကို ရေကန်ထဲ သွန်မိတယ်ဆိုပါစို့။ ကူးနိုင်ခြေအလွန့်အလွန် နည်းသွားပြီ။

ဒီပိုးက Host လက်ခံသူ မရှိပဲ ဘာနဲ့ ပွားမလဲ? မပွားပဲ အနည်းငယ်ပဲ ဆိုရင် ရေထဲမှာ အသေးလေးတွေ အများကြီး ကွဲသွားမယ်။ ဒါဆိုရင် Viral Load ပိုးပမာဏ လွန်စွာနည်းသွားမယ်။ ဘယ်လို ကူးမလဲ?

ရောဂါပိုးရှိတဲ့သူ စွန့်ထားတဲ့အိမ်သာရေ ဆိုပါစို့။ သတိထားရပါမယ်။ Viral Load များပါတယ်။

၂၀၀၃ ခုနှစ်မှာ အိမ်သာပိုက်မလုံရာကနေ ယိုစိမ့်ပြီး လူနေတိုက်ကြီးတစ်ခုမှာ ကူးစက်ခဲ့တာကို သတိရပါ။ အိမ်သာပိုက်က ယိုတဲ့ရေက ပန်ကာပေါ်ကျပြီး ရေအမှုန်မွှားလေးတွေအဖြစ် ပန်ကာဒလက်ကနေ ပြန့်သွားခဲ့ပါတယ်။ လူနေတိုက်အမြင့်ကြီးမို့ လေဝင်လေထွက်နည်းရာက ပန်ကာလေပဲ ရှုမိကြရာက ကူးတာပါ။

မြန်မာပြည်ဆေးရုံက အိမ်သာပိုက်တွေ ရေယိုပြီး တတောက်တောက်ကျမှာကို စိုးရိမ်ပါတယ်။ အဆောင်တွေမှာ ရေယိုတာမြင်ဖူးပါတယ်။ မြန်မာပြည်ဆေးရုံတွေမှာ အိမ်သာပိုက်တွေ လုံဖို့ နဲ့ လေဝင်လေထွက်ကောင်းဖို့ ကြိုတင်ပြင်ဆင်ကြစေချင်ပါတယ်။

ရွာမှာ ရောဂါရှိသူသုံးထားတဲ့ အိမ်သာ ဘယ်လိုလုပ်မလဲ?

မိုးတွင်းဖြစ်နေလို့ ရေလောင်းအိမ်သာကျင်းတွေ လျှံခဲ့ရင် ပြဿနာပါ။

အိမ်ကလာတဲ့ ပိုက်ကရေကို ယုံရမလား?

မြေအောက်ရေက ကူးတဲ့ သာဓဂ မရှိသေးပါ။ မြေအောက်ရေက ခုထိ စိတ်ချရပါတယ်။ ကျနော်တို့ ရေပိုက်ခေါင်းက လာတဲ့ရေမှာ ကလိုရင်းပါပါတယ်။ WHO က သတ်မှတ်ထားတဲ့ သောက်ရေထဲ ခွင့်ပြုတဲ့ အများဆုံး ကလိုရင်းပမာဏဟာ 5 mg/L ဖြစ်ပြီး အနည်းဆုံးက 0.2 mg/L ပါ။

အိမ်ကကန်ထဲထည့်ထားရင်တော့ ကလိုရင်းပျောက်သွားပါတယ်။ PH 8.0 ထက် ငယ်တဲ့ သောက်သုံးရေထဲ ကိုဗစ်-၁၉ ပိုးသေဖို့က calorine ကလိုရင်း အနည်းဆုံး 0.5 mg/L ထဲမှာ မိနစ် 30 ရှိရမှာ ဖြစ်ပါတယ်။ pH 8.0 ထက်ကျော်ရင် သူ့ဟာသူသေသွားပါမယ်။

ကျနော်တို့ ရေပိုက်ခေါင်းကရေ ကလိုရင်းဘယ်လောက်ပါလဲ ရေပေးဝေရေးကို မေးရပါမယ်။ ကျနော်မသိပါ။ 0.5 mg/L ထက်ပိုရင် အဆင်ပြေပါပြီ။

ဆေးရုံဆေးခန်းက လက်ဆေးရေတွေထဲမှာရော?

စိတ်မပူပါနဲ့ ရေသန့်ထဲမှာထက် ဆပ်ပြာပါတဲ့ ရေထဲမှာ ပိုးကပိုလို့ သေလွယ်ပါတယ်။ ဆပ်ပြာက ပိုးကိုအုပ်ထားတဲ့ အလွှာပါးကို ပျက်စီးစေပါတယ်။

PPE နဲ့ လူနာနဲ့ထိတွေ့ထားတဲ့ အဝတ်တွေဆေးရေ ကရော?

အရေးအကြီးဆုံးက တခါသုံးပလတ်စတစ်အိတ်မှာ “ပိုးထိတွေ့ပြီး” Label စာကြိုကပ်ပါ။ ပြီးရင် PPE ရော အဝတ်တွေကို 0.5% sodium hypochlorite အရည်မှာ ထည့်စိမ်ပြီး ပိုးသတ်ပါ။ တတ်နိုင်ရင် ရေပူ 60 degree C အနည်းဆုံးနဲ့ လျှော်ပါ။

ဘာကျန်သေးလဲဗျာ? ကျနော်အခုတွေးမိသလောက်ကတော့ ဒီလောက်ပါပဲ။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page