ရန်ကုန်မြို့လယ်ခေါင်မှာ ဝိုင်ဘီအက်စ် ခဲနဲ့ အပစ်ခံရခြင်း ဖြစ်ရပ် (ပြည်သူတွေ မလုံခြုံတော့တဲ့ အဖြစ်)

ရန်ကုန်မြို့လယ်ခေါင် တာမွေဈေးမှာ ဝိုင်ဘီအက်စ် ၁၁၃ ခဲနဲ့ အပစ်ခံရစဉ် ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူတဦးရဲ့ ရေးသားချက်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-

ဒီနေ့ (၁၄-၁၁-၂၀၂၂) နေ့ခင်း ၁ နာရီ ၄၀ လောက်က တာမွေစျေးမှတ်တိုင်အဝင်မှာ ကျွန်တော်တို့စီးလာတဲ့ ဝိုင်ဘီအက်စ် ၁၁၃ ခဲပစ်ခံရပါတယ်။

ဖြစ်ပုံက သီတာဘက်ကနေ တာမွေစျေးဘက်ကိုအလာ တာမွေစျေးမှတ်တိုင်ရောက်တော့ မှတ်တိုင်မှာ တခြား ဝိုင်ဘီအက်စ် သုံးစီးရပ်နေတော့ အပေါ်ကြောကနေမောင်းလာခဲ့ပြီး ရပ်ဖို့နေရာရှာနေတဲ့အချိန်၊ ခုနသုံးစီးထဲက အလယ်က ရပ်နေတဲ့ ၆၅ ထင်တယ်။

အဲ့ကားက ထွက်သွားတော့ အဲ့နေရာကို ဝင်ရပ်ဖို့ ပြင်နေတုန်းရှိသေး စျေးဘက်ခြမ်းကနေ ပစ်တာကို ခံလိုက်ရတာပါ။ သေနတ်ပစ်ခံရတယ် ထင်ပြီး ဆင်းပြေးတဲ့သူကပြေး၊ ဝပ်တဲ့သူကဝပ်နဲ့ ခဏနေကြည့်ကြည့်တော့မှန်ကို ပုံထဲကအတိုင်းတွေ့ရတာပါပဲ။

အဲဒါနဲ့ယာဉ်မောင်းက ကားကို ဖြေးဖြေးလေးထိန်းမောင်းလာပြီး ကျောင်းရှေ့မှတ်တိုင်ရောက်တော့ နောက်ကားချိန်းပေးပါတယ်။ ကားကိုတော့ ဂုံးတံတားအဆင်း လမ်းကျယ်တဲ့ နေရာမှ ရပ်ထားပါတယ်။ နောက်ကလာတဲ့ ၁၁၃ ပေါ်ကနေကြည့်မှ ခဲပစ်ခံထားရမှန်း သိတာပါ။ ပုံကြည့်ရင် သိနိုင်ပါတယ်။ (Zaw Lin Thant)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page