အရမ်းချမ်းတဲ့ ဆောင်းရာသီမှာ မုန့်မကုန်မချင်း ညဖက်အထိ ထိုင်ရောင်းနေရတဲ့ အသက် (၇၀) အဖွား
အသက် ၇၀ ကျော် အဖွား ကားလမ်းမဘေးမှာ ရောင်းနေတဲ့ မုန့်လေးတွေ လမ်းကြုံရင်အားပေးကြပါဦးနော်။ တခုကို ၅၀၀ ပဲ။ ပဲမုန့် အငံမုန့်လေးတွေ စားလို့လည်း ရှယ်ကောင်းတယ်။
မြေးဖွား နှစ်ယောက်ထဲနေပြီး ရောင်းနေတာ၊ မြေးလေးကို ထမင်းခွံ့ရင်း ရောင်းနေတာ၊ ချစ်စရာကောင်းလိုက်တာဆိုတာ ကြည့်မြင်တိုင်ညဈေး ကားဂိတ်နားမှာ ရောင်းပါတယ်။ ကိုယ်တွေ သုံးလိုက်တဲ့ တထောင် နှစ်ထောင်က အဖွားတို့အတွက် အထောက်အကူဖြစ်ပါစေဆိုတဲ့စေတနာနဲ့ တင်ပေးတာပါ။ လကုန်ရင်တော့ လစာလေးရရင်လည်း သွားပြီးလှူပါဦးမယ်။
တတ်နိုင်သလောက်လေး လှူချင်တယ်ဆိုပြီး လာပြောထားတာလေး ၂ ယောက်လောက် စပြီးရှိနေတဲ့အတွက် ထပ်မံ ပူးပေါင်းလှူချင်တဲ့သူများရှိရင်လည်း ဝမ်းပန်းတသာ ကြိုဆိုပါတယ်ရှင့်။ လောလောဆယ် အလှူငွေ ၃ သောင်းတိတိ ရထားပါတယ်ရှင့်။ မနက်ဖြန် ရသလောက်လေး သွားလှူပေးပါမယ်နော်။
အဖွားက နယ်သူနယ်သားဖြစ်တဲ့အတွက် ပုံတင်တဲ့အခါ ပထမက စတေကာ မအုပ်ဘဲ တင်မိတဲ့အတွက် ညီမ ပုံတချိူ့ယူသုံးတဲ့အခါ ညီမအခု စတေကာလေးအုပ်ပြီး တင်ပေးစေချင်ပါတယ်ရှင့်။ ညီမရဲ့ ရည်ရွယ်ချက်က အဖွားဆီမှာ မုန့်တွေအများကြီးရောင်းရစေလိုတဲ့ရည်ရွည်ချက်ကြောင့်တင်လိုက်ခြင်းဖြစ်ပါတယ်ရှင့်။
ညီမဆီ မှာ ကိုယ်တိုင်သွားပြီး ဝယ်မစားနိုင်လို့ ကိုယ်စားလှူဖို့ လာပေးထားတဲ့ အလှူရှင်တချိူ့ငွေလေးတွေလည်း ညီမလေး မနက်ဖြန်ညပိုင်းမှာ သွားပေးပေးပါ့မယ်ရှင့်။ အသက်ကြီးအဖိုးအဖွားများ အလုပ်လုပ်နေတာတွေတွေ့ရင် အများကြီးရောင်းကောင်းစေချင်တဲ့စိတ်ကြောင့် တင်ပေးထားတာဖြစ်တဲ့အတွက်ကြောင့် အဖွားနဲ့ပတ်သက်ပြီးတစ်စုံတခု မဟုတ်မမှန်မရေးသားပဲနဲ့ လိမ်လည်မတင်ကြဖို့လည်း အနူးအညွှတ် တောင်းပန်အပ်ပါတယ်နော်။
ညီမဘက်ကလည်း စေတနာအမှားများရှိခဲ့ရင်လည်း ကြိုတောင်းပန်ပါရစေနော်။ ညီမပထမက ဒီလောက်ထိ ရှဲပြီး လူအရမ်းသိအောင် အတန်းရှင်း ရှာခြင်းမဟုတ်တဲ့အတွက်ကြောင့် အဖွားကိုချစ်လို့ မုန့်ဝယ်တာဖြစ်ဖြစ်အလှူငွေ လှူတာဖြစ်ဖြစ် အဖွားဆီသွားခဲ့ရင်လည်း ဗီဒီယိကင်မရာတွေနဲ့ ရိုက်ပြီး အဖွားကို သိမ်ငယ်စေအောင်မလုပ်ပေးကြဖို့လည်း အနူးညွှတ်တောင်းပန်ပါရစေနော်။
အဖွားက ကြည့်မြင်တိုင်ညဈေး အပေါ်ကားဂိတ် ဆန်ဆိုင်အရှေ့မှာ ညနေ ၃ နာရီကနေစပြီးဖွင့်ပါတယ်နော်။ (Zin Nyein Oo)