ပန်းခင်းမြင်ရင် ဓာတ်ပုံ အတင်းဝင်ရိုက်ချင်တဲ့ တာဇံများနဲ့ အခင်းပိုင်ရှင် ကျတဲ့ မျက်ရည်

ပုဂံက နေကြာခင်းထဲ ဓာတ်ပုံဝင်ရိုက်ပြီး နေကြာပင်တွေကို ဖျက်ဆီးသွားသူတွေအကြောင်း နေကြာခင်း ပိုင်ရှင်ရေးထားတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်-

ပုဂံက ပျက်စီးသွားတဲ့ နေကြာခင်းပုံတွေပါရှင်။ ကျွန်မ မနေ့က တင်တဲ့ အဆံတည်နေတဲ့ ခေါင်ပန်းက ထိပ်ဆုံးက ပုံပါရှင်။

အပွင့်မရှိတော့ပါဘူး။ အချိုးခံလိုက်ရတာပါ။ ဖိပြီး ချိုးပြီး ခူးပြီး ဖျက်ဆီးသွားတဲ့သူတွေ မြင်ကြမှာပါ။ အမှန်ဆိုရင် အခင်းအလယ်မှာလည်း လူသွားလမ်း လုပ်ထားတာပါ။ အသာဝင်ရိုက်ရင် မပျက်စီးပါဘူး။ စိတ်မဆိုးပါဘူး။

အခုပုံတွေက အခင်းအဖျားလေးတင် ရိုက်ခဲ့တာပါ။ အတွင်းထဲထိ ဝင်မရိုက်နိုင်ခဲ့ဘူး။ အစကတည်းက စီပွားဖြစ် မဟုတ်လို့ ငွေကောက်ဖို့လည်း စိတ်ကူးမရှိပါဘူး။

လူသိမှာစိုးလို့ ကျွန်မတို့အခင်းရှင်တွေတောင် ဘာပုံမှ မတင်ခဲ့ပါဘူး။ အခင်းကလည်း လူသွားလမ်းဘေးမှာရှိတဲ့ အခင်းမဟုတ်ပါ။ ပျားစာကျွေးဖို့ လေးဘက်လေးတန် မမြင်ရတဲ့နေရာ ရွေးထားတာပါ။ ပြောစရာစကားလည်း မရှိတော့ပါဘူး။ (Hnin Nu Lwin)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page