ပတ်စ်ပို့ရုံး ယနေ့အထိ မဖွင့်၊ ဗုဒ္ဓဂါယာ ခေါင်းစဉ်တပ်ပြီး တယောက် ၆ သိန်းနဲ့ ပွဲစားများ ပြုလုပ်ပေးနေ
ပတ်စ်ပို့က မဖွင့်ပါဘူးခင်ဗျာ။ မဖွင့်တာကို ဖွင့်တယ်လို့ လိမ်ညာပြီး မစားကျပါနဲ့။ MOU (နိုင်ငံချင်း ချိတ်ဆက် ခေါ်ယူတဲ့ အလုပ်များ) စနစ်ပဲ ဖွင့်ထားတာ ပါ။ MOU သမားတွေတော့ ရပါမယ်။
လတ်တလော ဗုဒ္ဓဂါယာ နဲ့ MOU စနစ် အလုပ်သမားတွေပဲ ပတ်စ်ပို့ လုပ်လို့ရပါမယ်။ MOU စနစ်ဆိုတာက ပြည်ပက Memorandum of Understanding အလုပ်သမားနဲ့အလုပ်ရှင် နှစ်ဦးသဘောတူစာချုပ်နဲ့ တရားဝင်လုပ်သားစေလွှတ်ခြင်း ခေါ်ပါတယ်။
တရားဝင်ကုမ္ပဏီတွေက သူတို့ကုမ္ပဏီကနေ အလုပ်သမားစေလွှတ်ရန် ခေါင်းစဉ်နဲ့ ပတ်စ်ပို့ စာအုပ်လုပ်ဖို့နေပြည်တော်ကို စာတင်ရပါတယ်။ ကုမ္ပဏီ Letter Head နဲ့ ဝင်တာ ခေါ်ပါတယ်။ လက်ရှိအခြေအနေအရ MOU Company Letter Head နဲ့ဝင်တာပဲ PJ စာအုပ်လုပ်လို့ရပါတယ်။
MOU Company Letter Head နဲ့ စာအုပ်လုပ်မယ်ဆို ကုမ္ပဏီနာမည်နဲ့ နာမည်တွေကို နေပြည်တော်တင်ပေးရပါတယ်။ နှစ်ပတ်ကြာပါတယ်။ နှစ်ပတ်နေရင် နေပြည်တော်က စာကျလာပါတယ်။ လုပ်လို့ရပါပြီ။ စာအုပ်လုပ်ပြီး ဆယ်ရက်နေရင် စာအုပ်ရပါတယ်။ စာတင်တဲ့နေ့ကနေစပြီး စာအုပ်ရသည်အထိ ၂၅ ရက်ကြာပါတယ်။ အလိမ်အညာတွေ မမိစေဖို့ မျှော်လင့်ပါတယ်။ ဂရုမှာတင်လို့ မေးတဲ့ သူ အရမ်းများနေလို့ရှင်းပြတာပါ။ (Ye Myat)
ပတ်စ်ပို့ ပြုလုပ်ချင်သူတွေကို ပွဲစားတွေက ဗုဒ္ဓဂါယာခေါင်းစဉ်တပ်ကာ တယောက်လျှင် ၆ သိန်းနဲ့ ပြုလုပ်ပေးနေတယ်လို့လည်း သတင်းရရှိပါတယ်။ ပတ်စ်ပို့ရုံး ပိတ်ထားမှုကြောင့် ပြည်ပထွက် ဆေးကုလိုသူများ၊ အလုပ်ရှာသူများ အနေနဲ့ အခက်အခဲတွေ့နေရတယ်လို့ သိရပါတယ်။