အုန်းသံတွေ ကြားကနေ ပြန်လည်ပြေးဆွဲမယ့် ရန်ကုန်-မန္တလေး အမြန်ရထား အချိန်စာရင်းနဲ့ လက်မှတ်ခများ

အခြေအနေအရပ်ရပ်ကြောင့် ယာယီပြေးဆွဲခြင်းမရှိပဲ ရပ်နားထားခဲ့တဲ့ ရန်ကုန်-မန္တလေးအမြန်ရထားတွေကို တစ်ပတ်သုံးရက်နဲ့တခြား ရထားလမ်းပိုင်းတွေကိုလည်း ဒီတစ်ပတ်အတွင်းမှာပြန် လည်ပြေးဆွဲပေးသွားမှာဖြစ်တယ်လို့ မြန်မာ့မီးရထားက တာဝန်ရှိသူက ပြောကြားလိုက်ပါတယ်။

တနင်္ဂနွေ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တွေမှာ ပြေးဆွဲပေးသွားမှာဖြစ်ပြီး ရန်ကုန်ဘူတာကြီးကနေ မန္တလေးကို ညနေ ၃ နာရီ ၄၅ မိနစ်မှာ စတင်ထွက်ခွာမှာဖြစ်ပါတယ်။

မန္တလေးဘူတာကြီးကနေတော့ ညနေ ၃ နာရီမှာ ထွက်ခွာမှာဖြစ်ပါတယ်။ ရိုးရိုးတန်း ၄၆၅၀ ကျပ်၊ အထက်တန်း ၉၃၀၀ ကျပ်နဲ့ အိပ်စင် ၁၃၀၀၀ ကျပ်အဖြစ် လက်မှတ်ခတွေကို သတ်မှတ်ထားပါတယ်။ ရန်ကုန်-မန္တလေး အမြန်ရထား ခုတ်မောင်းချိန်က ၁၆ နာရီကြာမြင့်မယ်လို့ သိရပါတယ်။

အခြားရထားလမ်းပိုင်းတွေဖြစ်တဲ့ ရန်ကုန်-မန္တ လေး လော်ကယ်ရထား၊ ရန်ကုန်-ပြည် အ မြန်ရ ထား၊ ရန်ကုန်-ပြည် စာပို့ရထား၊ရန်ကုန်-မော်လမြိုင် စာပို့ရထား၊ ပျဉ်းမနား-တောင်တွင်းကြီး စာပို့ရထား၊ပုသိမ်-ကြံခင်း စာပို့ရထား တွေကို နေ့စဉ်ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

မန္တလေး-ကန့်ဘလူက RBE တွဲဆိုင်း၊ မော်လမြိုင် -ရေး စာပို့ရထားက တစ်ပတ်နှစ်ရက်၊ မန္တလေး-ပုဂံ စာပို့ရထား၊ သာစည်-မြင်းခြံ စာပို့ရထား၊ မန္တ လေး-ပြင်ဦးလွင် ရထားက အပတ်စဉ် တနင်္လာနေ့နဲ့ ပြင်ဦးလွင်-ဂုတ်ထိပ်ရထားက အပတ်စဉ် အင်္ဂါ နေ့တိုင်းပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page