တပိဿာ တသောင်းခွဲကျော်နေတဲ့ ရွှေနံနံပင်ကို အိမ်မှာတင် အလွယ်တကူ စိုက်ပျိုးနိုင်မယ့် နည်းလမ်း

ဈေးထဲမှာ သုံးရာဖိုး ၂ ပင်နဲ့ ဈေးတက်ရောင်းနေတဲ့ နံနံပင်ကို အိမ်မှာ အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ နည်းလမ်းကို ဖော်ပြ ပေးလိုက်ပါတယ်- နံနံပင် စျေးတက်မယ်မှန်း မသိပဲ နံနံပင် စိုက်ထားမိတာ၊ ဒီတခါပဲ ကွက်တိဖြစ်ဘူးသေးတယ်။ ဟိုတပတ်က အရမ်းတွေ အားနေလို့ နံနံစေ့ ဝယ်လာပြီး စိုက်ထားတာ၊ ခုအပင်က တပတ်လောက်ပဲရှိသေးတော့ မကြီး သေးဘူးနော်။

၁ လ ၄၅ ရက်လောက် ကြမှ ခူးစားလို့ရမှာ။ ၁၀ ရက်တခါလောက်ပျိုး ထားရင် ကြိုက်သလောက်စားပါလိမ့် ပုံလေးတွေမှာ ပျိုးနည်းလေးရေးပေးထားတယ်နော်။ မျိုးစေ့က အိုးရှင်းမှာ ဝယ်တာ တထုတ်မှ တထောင်ရယ်။

အစေ့က လုံးလုံးလေးတွေ ကို ထပ်ခြမ်းကွဲအောင် အဝတ်နဲ့ ထုတ်ပြီး ပုလင်းလေးနဲ့ ထု၊ တည ရေစိမ် (နည်းနည်းပဲ စိမ်နော် တထုတ်လုံးဆို အများကြီး)

အုန်းဆံ + မြေ အရောထဲ ကို တစ်ရှုးခင်း၊ မြေနည်းနည်းဖြူး၊ အစေ့ထည့်၊ မြေနည်းနည်းအုပ် အဖုံး အုပ်ထား (တခါသုံး ပလပ်စတစ်ဘူးနဲ့ အဆင်ပြေတယ်) ခဏခဏ ဖွင့်မကြည့်ရ။ နေရောင်တိုက်ရိုက်မထိရ ၃ – ၅ ရက်ဆို အညှောင့်ထွက်တယ်။

နည်းနည်း ကြီးတာလေးတွေကို ပန်းအိုးထဲ ပြောင်းစိုက်ထားတာ။ နေပေးမထိသေးပါ။ ရေတနေ့ ၃ ကြိမ်လောက် ဖြန်းပေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page