စားသောက်ကုန်ဈေးနှုန်းများနဲ့ လစာဝင်ငွေများက ပြနေတဲ့ လက်ရှိ မြန်မာပြည် အခြေအနေ

အခြေခံစားသောက်ကုန်စျေးနှုန်းများက ပေးသော အတွေးများ။ ခုရက်ထဲ နံနံပင်စျေးက အတော်အပြောများတယ်။ တပိသာ ၂၀၀၀၀ ကျပ်၊ ၅ ကျပ်သား ၁၀၀၀ ကျပ်မလို့ မုန့်ဟင်းခါးဆိုင်လေးတွေ နံနံပင်မပေးနိုင်တဲ့။

အိမ်စားဖို့ နံနံပင် ၂၀၀ ဖိုးဝယ်မရ ၃၀၀ ဖိုးမှတဲ့။ ကြက်သွန်နီဆိုလည်း အလုံးနည်းနည်းကြီးရင် တလုံး ၁၀၀ ကျပ်လောက်ကျတယ်တဲ့။ ချဉ်ရည်ဟင်းချက်တဲ့ ကန်ဇွန်းရိုးနီတစီး ၂၀၀ ကျပ်၊ ကြော်ကန်ဇွန်းရွက်တစီး ၄၀၀ ကျပ်၊ ကြက်ဥ သေး ၂၅၀ ကြီး ၃၀၀ ကျပ်၊ ပဲပြုတ် ၁၀ သား ၇၀၀ ကျပ်၊ ကောက်ညှင်းပေါင်းတပုံ ၅၀၀ ကျပ်၊ အကြော်တခု ၃၀၀ ကျပ်၊ မုန့်ဟင်းခါးအလွတ်တပွဲ ၈၀၀ ကျပ်။

အခြေခံကုန်စျေးနှုန်းများကိုပြောရင် အခြေခံလူတန်းစားများ၏ ဝင်ငွေပါထည့်ပြောမှ အဓိပ္ပါယ်ရှိမယ်။ တရားဝင်သတ်မှတ်ထားသော တနေ့အနည်းဆုံးလုပ်ခ ၄၈၀၀ ကျပ်ပါ။ အဆင်ပြေတဲ့လုပ်ငန်းတိုင်းက ကိုယ့်ဝန်ထမ်းများ၊ လုပ်သားများကို ခေါင်းစဉ်အမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ တတ်နိုင်သလောက် ပိုပေး ပံ့ပိုးပေးကြပါတယ်။

သို့သော် အများစုသောလုပ်ငန်းတွေ မကောင်းတဲ့အတွက် အလုပ်လက်မဲ့တွေများပြီး ခိုးဆိုးလုယက် ဓမြတိုက် -တ်‌ေ-တာတွေလည်း နေ့စဉ်နဲ့အမျှပါပဲ။ လုံခြုံအေးချမ်းတဲ့ လူမှုဘဝတွေ ရဖို့၊ အူမတောင့်အောင် ပေးနိုင်တဲ့ လုပ်ငန်းများနှင့် သီလစောင့်နိုင်တဲ့ ဝန်ထမ်းကောင်းများ၊ လုပ်သားကောင်းများရှိတဲ့ လူ့ဘောင်ကိုရဖို့ ကောင်းမွန်တဲ့ စီးပွားရေး ပတ်ဝန်းကျင် (Macroeconomic environment) ရှိဖို့က အရေးပါတဲ့လိုအပ်ချက်တခုပါ။

ထိုဝန်းကျင်ကောင်းကို တည်ဆောက်ရန် မည်သူ၏ တာဝန်နည်း။ လူတိုင်း အဖြေသိ၊ အဖြေရှိလို့ ဖြေဆိုရန်မလိုပါ။ (Thin Thin Nwe)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page