ဘုရားပန်း ကပ်ရာမှာ လုံးဝ မသုံးသင့်တဲ့ ပန်း (၁၂) မျိုး (ခိုက်တတ်လွန်းလို့ မြွေပွေး ၁၂ ကောင်လို့ အမည်တွင်)

အကုသိုလ်ဓာတ်ပါသော မကောင်းကျိုးပေးစွမ်းနိုင် သော ပန်းအညွန့်များမှာ

(၁) ဇော်စိမ်း/ ဇော်ကျား (၂) ဒေါန/ နှင်းဆီ/ စပယ် (၃) ကြက်မောက်/ စီးပွားဂမုန်း (၄) နှင်းပန်း/ တရုတ်စကား (၅) စကားစိမ်း/ တမာ (၆) ပိတောက်

နဂါးစက်ပန်းများကို ဆောင်ခြင်း ပန်ခြင်း မပြု ကောင်း

အထက်ဖေါ်ပြပါပန်းများသည် မြွေပွေး (၁၂) ကောင်ဟု သျှင်ပြန်ဆရာတော်မှ မိန့်ကြားဘူးပါ သည်။ ထို (၁၂) မျိုးသောပန်းများသည် ပြုစားတတ် သော စုန်းကဝေများဖြစ်ပါသည်။ မကောင်းသောအ တိတ်နှိမိတ်များနှင့် မကောင်းသောအကျိုးကိုသာပေး တတ်ပါသည်။ မီး ၁၂ ပါးဟု ဆိုနိုင်ပါသည်။

အကြောင်းမှာ ၎င်းပန်းများကို လှူမိ၊ ပန်မိ၊ ဆောင်မိလျှင် မိသားစု စိတ်ဝမ်းကွဲခြင်း၊ အိမ်တွင်းရေးဆူပူမှု့ဖြစ်ခြင်း၊ ကျန်းမာရေး ဖေါက်ပြန်ခြင်း၊ အမှုပြဿနာပေါ်တတ်ခြင်း သောကများတတ်ခြင်းတို့ ဖြစ်တတ်ပါသည်။

“စပယ်၊ နှင်းဆီ ရည်းစားဦး၊ အချစ်ဦးနဲ့ ကွဲတတ်၏ လင်မယာချင်း အထင်လွဲတတ်ခြင်း၊ အိမ်ထောင်ဦး ပျက်တတ်ခြင်း၊ ခွဲပြီးနေရတတ်ခြင်းတို့ဖြစ်တတ်၏။

ဇော်စိမ်း၊ ဇော်ကျား သောကဗျာပါဒများ၍ ရှုပ်ထွေးတတ်၏ စီးပွားပျက် တတ်၏ အောက်လက်ငယ်သားသမီးများ ထော်လော် ကန့်လန့် လုပ်တတ်၏ အမှုဖြစ်တတ်၏။

ဒေါန၊ နှင်းပန်း လာက်ပိတ်တတ်၏ ဝင်ငွေနည်း၍ ထွက်ငွေများတတ် ၏။ ကျမ်းမာရေး ကျဆင်းတတ်၏ ဒုကခသည် အပူ သည်များဝင်လာတတ်၏။

တရုတ်စကား၊ စကားစိမ်း၊ ကြက်မောက် အမှုနှင့် ပြဿနာတက်တတ်၏။

ကပ်လှူသင့်သော ပန်းအညွန့်များ

ဤကမ္ဘာလောကကြီး၌ ကျွန်ုပ်တို့နေထိုင်ရာသည် ဇမ္ဗူဒီပါလက်ယာတောင်ကျွန်းဖြစ်ပါသည်။ ထို့ကြောင့် ကပ်လှူပေါ်ဇော်သင့်သော ပန်းများ၊ အ ညွန့်များမှာ သပြေပန်း၊ ဂန္ဒမာပန်းအဖြူ/အဝါ၊ မေ မြို့ပန်း၊ မြတ်လေးပန်း၊ သရဖီပန်း၊ ငွေပန်း၊ ဂန့်ဂေါ် ပန်း၊ သစ္စာပန်းများဖြစ်ပါသည်။

ဤ ၈ မျိုးသောပန်း များသည် မြက်စွာဘုရားနှင်တကွ အနန္တောအနန္တ (၅ ) ပါးအား ကပ်လှူပူဇော်ရပါမည်။ အထက်ပါ(၈)မျိုး သောပန်းများသည် ကုသိုလ်ဓာတ်ပန်းများဖြစ်သော ကြောင့် မင်္ဂလာနှင့်ပြည့်စုံသည်။

ကျက်သရေနှင့် လည်းပြည့်စုံသည်။ အေးမြကြည်လင်သော ကောင်း ကျိုးမင်္ဂလာနှင့်ပြည့်စုံသောပန်းများဟု မှတ်ယူသင့် သည်။ ဤ ကုသိုလ်ဓာတ် မင်္ဂလာကျက်သရေနှင့် ပြည့်စုံသော ပန်း (၈) မျိုးကိုသာ ကပ်လှူခြင်း၊ ပူဇော် ခြင်း၊ လှူဒါန်းခြင်းများပြရပါမည်။ အထူးသတိပြကြ ရန်ဖြစ်ပါသည်။

“မလှူသင့်၊ မဆောင်သင့်သောပန်း၊ အညွန့်များ အကုသိုလ်ဓာတ်ပါသောပန်းများ၊ ဒေါသနှင့်မကောင်း ကျိုးကိုသာပေးစွမ်းနိုင်သောပန်းများ၊ အညွန့်များမှာ. ဇော်စိမ်းပန်း၊ ဇော်ကျားပန်း၊ ဒေါနပန်း၊ နှင်းဆီပန်း၊ စပယ်ပန်း၊ ကြက်မောက်ပန်း၊ လူအများသတ်မှတ် ထားသော စီးပွားဂမုန်းပန်း၊ နှင်းပန်း၊ တရုတ်စကား ပန်း၊ စကားစိမ်းပန်း၊ တမာညွန့်၊ ပိတောက်ပန်း၊ န ဂါးစက်ပန်း စသော ဤ(၁၂) မျိုးသောအညွန့် ပန်း များသည် အကုသိုလ်ဓာတ်ပါသော ပန်း အညွန့်များ ဖြစ်ကြသည်။

မဆောင်ကောင်း၊ မဆောင်ထိုက်၊ မ ပန်ကောင်း၊ မပန်ထိုက် မနှစ်သက်ကောင်း လောကီ နည်းအရ ဘုရားစသော အနန္တောအနန္တ (၅)ပါးအား မလှူကောင်း မလှူအပ် သတိထားပါ။ ဤ (၁၂) မျိုး သောပန်းများသည် အဆိပ်ပြင်းထန်သော မြွေပွေး ( ၁၂) ကောင်ဟု ဆရာတော် ညွှန်ပြအပ်ပါသည်။ ထို ပန်း (၁၂) မျိုးသည် ပြုစားတတ်သော ပန်းများဖြစ် သောကြောင့် အထူးသတိထားရမည်။

စေတနာ မေတ္တာတရားဖြစ် မျှဝေလိုက်ပါသည်။ အားလုံး ဘေးရန်ကြောင့်ကျကင်းရှင်းကြပါစေ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page