ပြည်သူတွေရဲ့ မေတ္တာကို တပွေ့တပိုက် ရသွားတဲ့ တရုတ်တန်း ရေခဲသုပ်ဆိုင် (မြန်မာ့စေတနာကို ပြကြပြီ)

ယမန်နေ့က မာစတာချက် ပြိုင်ပွဲဝင်ဟောင်း အောင်ဝေဖြိုးရဲ့ ဗီဒီယိုထဲမှာ ပါဝင်တဲ့ တရုတ်တန်း ရေခဲသုပ်ဆိုင်ကတော့ ပြည်သူတွေရဲ့ မေတ္တာကို တပွေ့တပိုက် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။

အောင်ဝေဖြိုးရဲ့ ဗီဒီယိုထဲမှာ အဆိုပါဆိုင်က ရေခဲသုပ်ကို မှာစားပြီး မကြိုက်ဘူးဟုဆိုကာ အမှိုက်ပုံးထဲ ပစ်ထည့်ပြတဲ့ ပုံရိပ်တွေ ပါဝင်ခဲ့တာကြောင့် ပြည်သူတွေက အောင်ဝေဖြိုးကို ဝိုင်းဝန်းဝေဖန်နေကြတာ ဖြစ်ပါတယ်။

ထိုသို့ ဝေဖန်ခဲ့ကြပြီးနောက် ပြည်သူတွေက အဆိုပါရေခဲသုပ်ဆိုင်ရဲ့ တည်နေရာကို သိချင်နေကြပြီး သွားရောက် အားပေးချင်နေကြတယ်လို့ သိရပါတယ်။ Vlog ဆရာတဦးကလည်း ယင်းဆိုင်မှာ ရေခဲသုပ် သွားဝယ်စားခဲ့ပြီး ကျွန်တော်ကြိုက်လို့ဟုဆိုကာ ငွေ ငါးသောင်း ပေးခဲ့တဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့တာကြောင့် ပြည်သူတွေက ပိုမို စိတ်ဝင်စားသွားကြတာ ဖြစ်ပါတယ်။

မြန်မာပြည်သူတွေရဲ့ မေတ္တာ၊ စေတနာနဲ့ ကရုဏာ စွမ်းအား ပမာဏတွေကတော့ မထင်ထားလောက်အောင် ကြီးမားလှပါတယ်။ အားနည်းသူကို အားပေးတတ်တဲ့ အကျင့်၊ မြေနိမ့်ရာ လှံစိုက်တတ်တဲ့ သူတွေကို ရှုံချတတ်တဲ့ အကျင့်တွေဟာ မြန်မာပြည်သူတွေရဲ့ နှလုံးသားမှာ ကိန်းအောင်းနေသေးတာကို တွေ့ရတာဟာ ဝမ်းသာဖို့ ကောင်းပါတယ်။

ယခုပို့စ်ကို ဖတ်ရှုပြီး အဆိုပါ ရေခဲသုပ်ဆိုင်ကို သွားရောက် အားပေးချင်ရင်တော့ လိပ်စာက ရန်ကုန်၊ လသာမြို့နယ်၊ ၁၉ လမ်းနဲ့ စဉ့်အိုးတန်းလမ်းကြားမှာ Good Ever အမည်နဲ့ ထိုင်းရေခဲသုပ်ဆိုင် တည်ရှိပါတယ်။ ခွဲခြားမှုတွေ၊ နှိမ့်ချဆက်ဆံသူတွေကို လက်မခံချင်ကြတဲ့သူတွေ သွားရောက် အားပေကြပါဦးလို့ ညွှန်းဆိုလိုက်ရပါတယ် ခင်ဗျာ၊ (ပုံများကို SWAT – E ပေ့မှ ကူးယူဖော်ပြပါသည်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page