(၁၃) နှစ်ကျော် လက်တွဲခဲ့တဲ့ အဆိုတော် လွှမ်းပိုင်နဲ့ ထက်ထက်တို့ရဲ့ ကတ္တီပါလမ်းခွဲ
လူငယ်အဆိုတော် လွှမ်းပိုင်နဲ့ သူ့ရဲ့ ချစ်သူ ထက်ထက်တို့ နှစ်ဦး သဘောတူ လမ်းခွဲခဲ့ပြီဆိုတဲ့ အကြောင်းကို အဆိုတော် လွှမ်းပိုင်က သူ့ရဲ့ လူမှုကွန်ရက် အကောင့်ကနေ တင်ခဲ့ပါတယ်။ အပြည့်အစုံကို ပြန်လည် ဖော်ပြလိုက်ပါတယ်-
ကျွန်တော်တို့အသိပေးကြေငြာစရာလေးတစ်ခုရှိလို့ပါ? ကျွန်တော်နဲ့ထက် တို့ ၂ဦးသဘောတူလမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းလေး ပြောပြချင်လို့ပါ ထွေထွေထူးထူးပြဿနာမျိုးတွေထက် ဘဝရဲ့ဦးစားပေးရတဲ့အရာတွေရွေးချယ်ရမဲ့အချိန်မှာ အဖြေတွေမတူခဲ့လို့ ပါလို့ပဲ ရှင်းပြပါရစေ။
ဘယ်သူဘက်ကမှ မှန်တယ် မှားတယ်ဆိုတဲ့ အကြောင်းရင်းတွေလည်း မရှိတာမို့လို့ လည်း တကယ်ကို တယောက်အပေါ်တယောက်အမုန်းတရားမရှိတဲ့ လမ်းခွဲမှုတခုပါ။
တစ်ခုပဲတောင်းဆိုချင်တာကလေ အခုချိန်အားလုံးမှာလည်း အခက်ခဲကိုယ်စီ ပူဆွေးမှုကိုယ်စီမို့ ဒီကိစ္စကို အကျယ်အကျယ်တွေမချဲ့ဖို့လေးပါပဲ သာမာန်အတွဲတွေလိုပဲ ကြိုးစားဖြတ်သန်းနေရင်းကွဲကွာသွားကြတယ်လို့ပဲ မြင်ပေးစေချင်ပါတယ်။
တကယ်အလေးအနက်ပြောတာပါ အထူးသဖြင့် ထင်ရာကောက်ချက်ချပြီးလိုရာဆွဲရေးတဲ့ သို့လောသို့လောသတင်းတွေကြောင့် မလိုအပ်ပဲ တယောက် အပေါ် တယောက် ထိခိုက်နစ်နာစေလိုစိတ်မရှိတာမို့ ချဲ့ကားမရေးပဲ ဒီတိုင်းလေးပဲ အသိပေးတဲ့စာလေးလို့ပဲ မြင်ပေးပါလို့ ကျွန်တော်တို့တောင်းဆိုတာလေးကို နားလည်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်ဗျာ။