တရုတ်-မြန်မာ နယ်စပ်ဂိတ် (၃) ခု ပြန်လည်ဖွင့်လှစ်မယ့် နေ့ရက်ကို ကြေညာလိုက်ပြီ

တရုတ်နိုင်ငံအနေနဲ့ ကာလရှည် ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းဖြစ်သော ရွှေလီနယ်စပ်ဂိတ်၊ ကျယ်ဂေါင်နန်းတော်ဂိတ် ကုန်ပစ္စည်းစခန်း၊ တရုတ်-မြန်မာဈေးစသည့် လမ်းကြောင်းသုံးခုမှာ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ ပြန်လည်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်ပြည်ထွက် ပြုလုပ်မည့် ကုန်ပစ္စည်းယာဉ်များနှင့် မောင်းနှင်သူများသည် ကုန်ပစ္စည်းစခန်းလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် ၈:၀၀-၂၃:၀၀ အထိဖြစ်တယ်လို့ သိရပါတယ်။

အစိုးရဝန်ထမ်းနှင့် အတူလိုက်ပါသောယာဉ်များသည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် ၈:၀၀-၂၁:၃၀ အထိဖြစ်ပါတယ်။

အခြားလူပုဂ္ဂိုလ်နှင့် အသေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရောနစ်ဆိုင်ကယ်များကမူ တရုတ်-မြန်မာဈေးလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် ၈:၀၀-၂၁:၃၀ အထိဖြစ်ပါတယ်။

လက်ရှိတွင် တရုတ်နိုင်ငံ ရွှေလီနယ်စပ်ဂိတ် စီမံအုပ်ချုပ်သည့်ဌာနက နှစ်ဦးနှစ်ဖက်လူပုဂ္ဂိုလ်သွားလာမှု၊ ကုန်ပစ္စည်းဖြတ်သန်းမှု ပြန်လည်ဖွင့်လှစ်ရန်အတွက် ပြင်ဆင်မှုများ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မြန်မာပြည်မှ ကုန်ပစ္စည်းတင်ပို့တဲ့သူတွေရော၊ တရုတ်ပြည်မှာ အလုပ်သွားလုပ်မယ့်သူတွေရော အဆင်ပြေလာနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page