ပြောင်းပြန်နိုင်ငံတော်နဲ့ လမ်းဘေးဈေးသည်တွေ လခစားဝန်ထမ်းထက် ဝင်ငွေကောင်းတဲ့ခေတ်

ဒီနိုင်ငံမှာ လမ်းဘေးမှာ မုန့်ရောင်းတာ၊ ဘာညာကို တချို့က အထင်သေးတယ်။ အဲ့မုန့်သည်တွေကပဲ သူဌေးဖြစ်ဖို့လမ်းစရှိတာ သူတိူ့မသိဖူး။

အိုးရှင်းထောင့်မှာ ဆိုင်ကယ်လေးနဲ့ အာပူလျှာပူရောင်းတဲ့သူက တစ်ရက် တစ်သိန်းခွဲမြတ်နေတဲ့အချိန် လခသုံးသိန်းနဲ့ သူများ၀န်ထမ်းလုပ်နေတဲ့သူက ပြန်သနားနေသေး။

ငယ်ဘ၀က လူကြီးတွေ အတွေးမှားတွေ ထည့်တာကနေ စတာပဲ။ ပညာတတ်ကြီး ဖြစ်အောင်မလုပ်ရင် လမ်းဘေးမှာ ဈေးရောင်းရမယ်၊ ဘာမှမလုပ်နဲ့ စာပဲလေ့လာတို့ ဘာတို့။

ခုပဲကြည့် ပညာတတ်ဘွဲ့ရတွေ သူများ ၀န်ထမ်းလုပ်ပြီး ၂ သိန်း ၃ သိန်းနဲ့ ကျွန်ခံနေကြချိန် လမ်းဘေးအကြော်သည်တွေ၊ ငါးပိရည်သည်တွေ၊ တုတ်ထိုးသည်တွေက တိုက်ဆောက်ကုန်ပြီ။

အနောက်နိုင်ငံ‌‌တွေက မိဘတွေလို နွေရာသီကျောင်းပိတ်ရက်ဆို ကလေးတွေကို သူတို့ ဝါသနာပါတာ ရောင်းပြီး ပိုက်ဆံရှာဖို့ တွဲသင်ပေးရမယ့် အချိန်ရောက်ပြီ။ ဒီမှာ အစိုးရသင် ပညာရေးက ဘာမှ တန်ဖိုးရှိမနေဘူး။ (Naung Wathon Oo)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page