ဆယ်လီတွေ လိုက်ဖ်လွှင့်ပြီး ရောင်းနေတဲ့ မြေကွက်တွေ စိတ်ချရလားဆိုတဲ့ မေးခွန်းရဲ့ အဖြေ

“ဖော်လိုဝါ များတဲ့ ဆယ်လီတွေ လိုက်ဖ် လွှင့်ပြီး မြေကွက်ရောင်းနေ‌တာကို သတိထားပါ”

၁။ သူပြောတာ ရွာမြေလို့ ပြောပေမယ့် အဲ့ဒီနေရာတွေက ရွာမြေ မဟုတ်တာ အသိသာကြီးပါ။ ရွာထဲကပိုင်တဲ့ လယ်မြေပါ။ ရွာနဲ့နီးတဲ့ မြေတိုင်းက ရွာမြေဖြစ်သွားတာ မဟုတ်ဘူး။ ရွာမြေဆိုတာ ရွာသူရွာသားတွေနေတဲ့ အိမ်ပါတဲ့ မြေကို အစဉ်အဆက်ရွာနယ်နိမိတ်အဖြစ်သတ်မှတ်ထားတဲ့ မြေကိုသာ ရွာမြေလို့ ခေါ်တာပါ။ အခုရောင်းနေတာက ဖြစ်နိုင်တာ လယ်မြေ၊ သစ်တောမြေကိုရောင်းတာပါ။

တကယ့်မြေစာရင်းကို သွားမေးပါ။ မြေစာရင်းက လယ်မြေ နဲ့ ထုတ်ထားရင် လယ်မြေပါပဲ။ မြေစာရင်းမှာ သွားမမေးပဲ မင်းသားမင်းသမီးရောင်းလို့ဆိုပြီးဝယ်တာ သိပ်ညံ့ဖျင်းရာကျပါတယ်။

၂။ နောက်တခုက ဘယ်မင်းသား၊မင်းသမီးနဲ့ရောင်းလို့ ဆို ပြီး ပိုက်ဆံတန်းငွေမချေပါနဲ့။ မင်းသားမင်းသမီးတွေက မြေစာရင်း သွားကြည့်ပြီး အာမခံထားတာမဟုတ်ပါဘူး။

ပိုက်ဆံများများရလို့ လိုက်ဖ် လွှင့်ရောင်းပေးတာပါ။ ပြသာနာ ဖြစ်ရင် သူပါဒုက္ခရောက်တာပါဆို ကိုယ့်ငွေလည်း မကယ်နိုင်ပါဘူး။ မှတ်မိသေးလား။ အမေစုလက်ထက်မှာ။ ပြင်ဦးလွင်မှာ ရွာမြေဆိုပြီးအကွက်သေးသေးလေးတွေ ရိုက်ရောင်း တဲ့ပုံစံပါ။ လူတွေက တန်တယ်ဆိုပြီး ဝယ်ကြ။

နောက် သစ်တောပိုင်မြေတွေ ဖြစ်နေလို့ ပြန်ဖျက်ခံရ။ သိန်း၁၀၀ နှစ်ရာ ပါတဲ့သူတွေ။ ပြီးတော့ ရန်ကုန် လိုနေရာမျိူး မှာ အကွက်သေးတွေရောင်း ။ နောက်ကျူးဆိုပြီး ပြသာနာတက်ရ။ ဒီတော့ သူတို့ တွေ ဒီလိုပေါ်ပေါ်ထင်ထင်ရောင်းနေကတည်းက တားပါလားလို့ တချိူ့က ပြောကြတယ်။

ဟုတ်ကဲ့။ ရွှေသမင် ဘယ်ကထွက်။ မင်းကြီး တာ က ထွက် ပါပဲ။ ရောင်းတဲ့သူတွေက ဝယ်သာဝယ်ထား။တချိန် ပိုင်ဆိုင်မှုခိုင်အောင် အစိုးရဆီကငါတို့လုပ်ပေးမယ်ဆိုပြီးပြောရောင်းတာပါ။ သို့သော် ပြသာနာဖြစ်လာရင် ဘယ်သူမှမကယ် ပါဘူး။

၃။ နာမည်ကြီးတွေကို လိုက်ဖ် လွှင့်ရောင်းခိုင်းနိုင်တာမျိူး၊ ၄ ကွက် ဝယ်ရင် တစ်ကွက်လက်ဆောင်ဆိုတာမျိူး ၊ ပြီးတော့ ရောင်းပေးနေတဲ့ Myo အိမ်ခြံမြေရောင်းဝယ်ရေးက ဇွဲထက်မှာ ရွှေဝယ်ပြတာမျိူးက ‌သိပ် fishy ဖြစ်စရာပါ။

သတိထားပါ။ မဝယ်ပါနဲ့။ စာချူပ်ကို လွယ်လွယ်နဲ့ စာတိုက်ကနေပို့တာမျိူး ဒီလို မျိူး ဘယ်တော့မှ မဝယ်ပါနဲ့။ ကိုယ်နဲ့ စာချူပ်ချုပ်ထားတဲ့ ရွာလူကြီး သေရင် ကိုယ့်မှဘာမှ လက်ဆုပ်လက်ကိုင်ပြစရာ မရှိပါဘူး။ ပြီးတော့ အရပ်စာချူပ်က တရားဝင်မဟုတ်ပါဘူး။ တရားဝင်ချင်ရင် စာချူပ်စာတမ်းရုံးမှာ မှတ်ပုံတင်ရတာပါ။ ဒီအချက်အလက်တွေကြောင့် အချိန်တန်ရင် ငွေ ဆုံးရှုံးမှု ဖြစ်နိုင်တာကြောင့် မဝယ်ဖို့ တားချင်ပါတယ်။ (khinmohmohbeauty) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page