မိဖုရားရာကျော်ရှိတဲ့ မင်းတုန်းမင်းကြီး ၁၂ နှစ်သမီး သန္နီဖုရားကို အမှန်တကယ် သိမ်းပိုက်ခဲ့သလား
ဆောင်ကြာမြိုင်မှတ်တမ်းထဲမှ သိန္နီဖုရား၊ ချစ်စိန်လွင်၏ ဆောင်ကြာမြိုင်မှတ်တမ်း၌ သိန္နီဟော်နန်းမှ ဆက်သလာသည့် အရွယ်မရောက်သေးသော အသက် ၁၂နှစ်အရွယ် ခန့်ရှိ သိန္နီစော်ဘွားဆက်သသည့် သမီးကညာအား မင်းတုန်းဘုရင်ကြီးမှ မိဖုရားအဖြစ် သိမ်းပိုက်ခဲ့သည်ဟု ဖော်ပြထားခဲ့သည်။
မြန်မာဘုရင်များသည် ထိုသို့သော သမီးကညာတို့အား အဆောင်တော်နန်း သီးခြားပေး၍ ထားရှိရပြီး ထိုသမီးကညာတို့ အရွယ်တော်ရောက်သည့်ကာလ နှစ်သက်မှသာ သိမ်းပိုက်ရိုးဖြစ်လေသည်။
အချို့သော သမီးကညာတို့ဆိုလျှင် အနောက်ဆောင် ၌ အရွယ်လွန်သည်အထိ အပျိုစင်ဘဝဖြင့် မည်သည့် အဆောင်အယောင်မျှ အချီးမြှင့်မခံရပဲ အရိုးထုတ်သွားကြရသည်များရှိလေ၏။
သို့ကြောင့်ပင် မင်းတုန်းဘုရင်လက်ထက်၌ ယာလှည့်အပျိုတော်များအား ဦးစီးသည့် စိန်တုံးဖုရားထံသို့ တံစိုးလာဘ်ဆောင်ထိုးကာ သမီးကညာတို့အား ဘုရင့်ရှေ့သို့ ရောက်ဖို့ရန် ကြံစည်ခဲ့ကြရသည်ဖြစ်၏။
သို့ကြောင့် သိန္နီဖုရားကို မင်းတုန်းဘုရင် သိမ်းပိုက်မိဖုရားမြှောက်စဉ်က ဆောင်ကြာမြိုင်မှတ်တမ်း တွင်းမှာကဲ့သို့ အရွယ်မရောက်သေးသည်မှာ မဖြစ်နိုင်ချေ။ (မင်းနန်သူ) (Historynotes) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)