ကမ္ဘာပေါ်မှာ အကောင်းဆုံးအသင်း၊ ကစားသမားနဲ့ နည်းပြကြီးတို့ကို ပိုင်ဆိုင်ထားရသူတွေ

မနေ့ညက လက်ဖက်ရည်ဆိုင်ထိုင်တော့ စားပွဲထိုးကောင်လေးကမေးတယ်။ အကို ကမ္ဘာမှာအကောင်းဆုံးဘောလုံးအသင်းက ဘယ်အသင်းလဲတဲ့။ ကျနော့်အကျီပေါ်က တံဆိပ်ကိုထောက်ပြလိုက်တယ်။

ဟင် မြန်မာ အသင်းတံဆိပ်ကြီး ဆိုပြီး ကောင်လေးကရေရွတ်တယ်။ ပြီးတော့ ကမ္ဘာပေါ်မှာအကောင်းဆုံးဘောလုံးအသင်းက ဘရာဇီး တို့ အာဂျင်တီးနား တို့မဟုတ်ဘူးလား အကို တဲ့။ မဟုတ်ဘူးညီလေး။ မင်းပိုင်ဆိုင်ခွင့်ရထားတဲ့အရာက အကောင်းဆုံးပဲ။

သူနောက်ထပ်မေးခွန်းမမေးခင် ကျနော်အရင်ပြန်မေးလိုက်တယ်။ ကမ္ဘာပေါ်မှာအကောင်းဆုံးဘောလုံးသမားကိုသိလား ဆိုတော့ မသိဘူးအကို တဲ့။ အေး မောင်မောင်လွင် ပဲလို့။ ဘာဖြစ်လို့လဲ အကို။ အခု မစ်ဆူဘီရှီဖလားမှာ (၃) ပွဲကစား (၃) ဂိုးသွင်းထားတယ်။ မြန်မာအသင်းကအုပ်စုကပြုတ်ပြီဆိုပေမယ့် သူကပြိုင်ပွဲရဲ့ဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ ပူးတွဲရပ်တည်နေတယ်ကွ။

အကောင်းဆုံးနည်းပြကိုရောသိလား လို့ထပ်မေးလိုက်တယ်။ မသိဘူး တဲ့။ အန်တိုနီဟေးလ် လို့။ ဘာဖြစ်လို့လဲဗျ။ အသင်းက ဘယ်လောက်ရှုံးရှုံးတစ်လသိန်း (၆၀၀) ပေးပြီး အဖွဲ့ချုပ်ကခန့်ထားတာ အရမ်းကောင်းလို့ပေါ့ကွ။ အရည်အချင်းရှိလို့ပေးထားတာ။ ပိုက်ဆံအလကားပေးနေရအောင် အ-ူးမှမဟုတ်တာ။

ဪ ဆိုပြီး ခေါင်းတညိတ်ညိတ် နဲ့စားပွဲထိုးလေး နားထောင်နေရှာတယ်။ နောက်အကောင်းဆုံးဂိုးသမားကိုရော သိလားလို့ ဆက်မေးလိုက်တော့ ကျော်ဇင်ဖြိုး မလား အကိုတဲ့။ အေးမင်းတော်လာပြီလို့ပြောရင်းနဲ့ သူ့ကိုရှင်းပြဖြစ်တယ်။

လူတွေက ကိုယ်နဲ့အလှမ်းဝေးတဲ့အရာတွေကို အကောင်းဆုံး အတော်ဆုံး ဆိုပြီးအထင်ကြီးနေကြတာ။ မက်ဆီ ကောင်းတယ်။ ရော်နယ်ဒိုကောင်းတယ်။ မန်ယူကောင်းတယ်။ အာဆင်နယ် ကောင်းတယ် ဆိုပြီးငြင်းနေကြတာ။ တကယ်ကိုယ့်အနီးနားမှာရှိတဲ့အရာကိုတော့ မေ့နေကြတယ်လို့။

ကျနော်သဘောပေါက်ပြီအကို တဲ့။ အကိုက ထီလာစိတ်ဓာတ်နဲ့ သောက်-ူးပဲ တဲ့။ (Tonight) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page