ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကြောင့် တက်သွားတဲ့ အာဂျင်တီးနားနဲ့ မက်ဆီ ဆက်ပြီး ကံကောင်းနေဦးမှာလား
ယမန်နေ့ညက ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဂျင်တီးနားနဲ့ နယ်သာလန် အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်နဲ့ အာဂျင်တီးနားက ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားခဲ့တာ ဖြစ်ပါတယ်။
အင်အားကြီး အသင်းနှစ်သင်း တွေ့ဆုံခဲ့တဲ့ ပွဲဖြစ်တာကြောင့် အကြိတ်အနယ် ဖြစ်ခဲ့ပြီး အာဂျင်တီနား အသင်းဟာ ဘောလုံးဂန္ထဝင် မက်ဆီရဲ့ ပင်နယ်တီ သွင်းဂိုးနဲ့အတူ ပွဲချိန် ၇၃ မိနစ်အထိ နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နေရာကနေ နယ်သာလန် အသင်းက နောက်က လိုက်ကစားပြီး လက်ကျန် အချိန်တွေမှာ ချေပဂိုး နှစ်ဂိုး ပြန်လည် သွင်းယူခဲ့တာ ဖြစ်ပါတယ်။
အချိန်ပိုမှာလည်း အနိုင်အရှုံး မပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ အာဂျင်တီးနား အသင်းက အနိုင် ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ အကြိတ်အနယ် ယှဉ်ပြိုင်ရတာကြောင့် အဝါကတ်တွေ ပလူပျံခဲ့ပြီး နယ်သာလန် ကွင်းလယ်လူ ဒန်ဖရိုင်း တယောက် အနီကတ်နဲ့ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
ယခုပွဲ အနိုင်ရရှိမှုကြောင့် အာဂျင်တီးနားအသင်း ဂန္ထဝင် ကစားသမား မက်ဆီရဲ့ ကမ္ဘာ့ဖလား အိပ်မက် ဆက်လက် အသက်ဝင်ခဲ့ပြီး နောက်တဆင့်မှာ ဘရာဇီးကို ထိုက်ထိုက်တန်တန် အနိုင် ရရှိခဲ့တဲ့ ခရိုအေးရှား အသင်းနဲ့ တွေ့ရမှာပဲ ဖြစ်ပါတယ်။
ဘောလုံးပွဲရဲ့ သဘောတရားအရ မိနစ် ၁၂၀ အပြန်အလှန်ကန်ပြီး ပင်နယ်တီအထိ ရောက်ရှိသွားချိန်မှာ အသင်း နှစ်သင်းလုံး အခွင့်အရေး ဆတူရှိနေပြီး ကံကြမ္မာက မျက်နှာသာပေးတဲ့ အသင်းက နောက်တဆင့်ကို တက်လှမ်းသွားနိုင်တာပဲ ဖြစ်ပါတယ်။ အာဂျင်တီးနား အသင်းအနေနဲ့ နောက်အဆင့်တွေမှာ ကံကြမ္မာရဲ့ မျက်နှာသာပေးမှုကို ရရှိဦးမလား ဆိုတာကတော့…