ဆရာမ ခင်ခင်ထူးရဲ့ မအိမ်ကံ ဝတ္ထုမျက်နှာဖုံးကြောင့် စာဖတ်သူတွေ ဝမ်းနည်းခဲ့ရတဲ့ အဖြစ်

ယနေ့အွန်လိုင်းပေါ်မှာ လူပြောများနေတဲ့ အကြောင်းအရာကတော့ ဆရာမ ခင်ခင်ထူးရဲ့ နာမည်ကြီး ဝတ္ထု တပုဒ်ဖြစ်တဲ့ မအိမ်ကံ ဝတ္ထုစာအုပ် သတ္တမအကြိမ် ထုတ်ဝေမှုမှာ ဖော်ပြထားတဲ့ မျက်နှာဖုံး ပန်းချီအကြောင်းပဲ ဖြစ်ပါတယ်။

အဆိုပါ မျက်နှာဖုံးကို နာမည်ကြီး ပန်းချီဆရာ နေမျိုးဆေးက ရေးဆွဲခဲ့တာ ဖြစ်ပြီး မျက်နှာဖုံးပုံကြောင့် စာဖတ်သူအများအပြားက ဝေဖန်နေကြတာပဲ ဖြစ်ပါတယ်။

ယခင်အကြိမ်ရေများက ထုတ်ဝေခဲ့တဲ့ မအိမ်ကံ ဝတ္ထုစာအုပ်တွေရဲ့ မျက်နှာဖုံးတွေနဲ့ ယခုလက်ရှိ ထုတ်ဝေမယ့် စာအုပ်ရဲ့ မျက်နှာဖုံးကို နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ်။ စာဖတ်သူတွေ ရင်ထဲက အသံတွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်-

ပန်းချီအကြောင်းလည်းလုံးဝလုံးဝ နားမလည်ပါ။ ဒါပေမဲ့ ၇ ကြိမ်မြောက် မျက်နှာဖုံးကြီးက ဖြစ်ကို မဖြစ်သင့်သလားလို့ပါ။ ဝတ္ထု နဲ့ မျက်နှာဖုံးက လုံးဝကိုမအပ်စပ်တာ။ စာအုပ်ထုတ်ဝေသူတွေလည်း ဘယ်လိုများခံစားလိုက်တာလဲ ​ဝတ္ထုကြီးကိုမှ။ (ကိုယ့်အမြင်နဲ့ကိုယ်ပါ) (Hlyanz Htet)

မှတ်ချက် (၁) – ကာဗာက ဆရာနေမျိုးဆေး လို့ပြောကြတယ်။ ဆရာနေမျိုးဆေးလည်း မသေသေးဘူးပဲဗျာ။ Debate လုပ်ကြည့်ပေါ့။ ဘာကြောင့်လဲလို့။ ကျနော် ကျမတော့ဖြင့် နားမလည်ဘူး။ မခံစားတတ်ဘူး။ အကြောင်းအရာနဲ့ မလိုက်ဖက်ဘူးဆိုပြီး ဆရာနေမျိုးဆေးနဲ့ Debate လုပ်ကြည့်ပေါ့။ အကြံပေးကြည့်တာပါဗျာ။

မှတ်ချက် (၂) – ဒိုင်းခင်ခင်ပုံကို creation ပြုထားတာပဲ။ တကယ်ဆိုဒုအကြိမ်က မျက်နှာဖုံးလေးလိုရိုးရိုးယဥ်ယဉ်လေးဆို ပိုကောင်းမယ်။

မှတ်ချက် (၃) – ပန်းချီပညာရပ်ဆိုတာ မြန်မာနိုင်ငံမှာ သာမန်လူထုက ချဉ်းကပ်ဖို့ သိပ်မလွယ်တော့တဲ့ နယ်ပယ်တစ်ခုပါ။ ဘာမှ မသိတဲ့လူတွေမို့ အါ့လိုပြောရဲတာ မှန်တယ်။ သိပါတယ်ဆိုတဲ့လူကကော မသိတဲ့လူကို နားမလည်ပေးနိုင်တာကရော။

မှတ်ချက် (၄) – နွေတစ်ညကို ဆရာဇော်မောင်က ဖျက်ဆီးပစ်ခဲ့သလို မအိမ်ကံကို နေမျိုးဆေးက အကျည်းတန်စေခဲ့ပြီပေါ့။ ကိုယ်ရေးရမယ့် စာအုပ်ရဲ့ အရေးအသား ဇာတ်လမ်းနဲ့ အရှိန်အဝါကို နားမလည်ခဲ့တဲ့ မျက်နှာဖုံး ပန်းချီဆရာကြီးတွေ။

မှတ်ချက် (၅) – ကျန်တာတွေတော့ ကိုယ်မကျွမ်းကျင်လို့မပြောတတ်ပေမယ့် ပါးကွက်မဲကြီးနဲ့ နှုတ်ခမ်းရဲကြီးက ဆိုးလွန်းပါတယ်။ မင်းတို့က ဘာသိလို့လဲ မေးရင် ဘာမှမသိဘူးပဲ ဖြေမှာဆိုပေမယ့် စာဖတ်သူတိုင်းက ပန်းချီပညာရပ်ကို ကောင်းကောင်း ခံစားနိုင်မှာမဟုတ်ဘူးလေ ကိုယ့်လိုပေါ့။ အာ့တော့ အမြင်နဲ့ ဆုံးဖြတ်မှာပေါ့။ ပြီးတော့ မလှဘူးပြောမှာပေါ့။ ဘာမှားလည်း ဘာမှ မမှားဘူး ဘာလို့လဲဆို လှတယ်လို့ မမြင်လို့လေ။

မှတ်ချက် (၆) – မအိမ်ကံကို မျက်နှာဖုံးကြည့်ပြီး ခံစားနေရအောင် ရုပ်ပြဝယ်ဖတ်တာမှ မဟုတ်ပဲဗျာ။ ဆရာမခင်ခင်ထူးရဲ့ အရေးအသားနဲ့ ဇာတ်လမ်းကိုပဲ ခံစားသင့်တာပါ။ ဆရာနေမျိုးဆေးကလဲ ပုံတူရေးထားတာမဟုတ်ဘူး။ မိန်းမပျိုတစ်ဦးရဲ့ ပုံသဏ္ဌာန်ကို သူ့ဟန်နဲ့သူရေးထားတာ၊ အမှန်တိုင်းပြောရရင် ပုံရော မအိမ်ကံလို့ ရေးထားတဲ့ လက်ရေးရော အနုပညာတစ်ခုလို့ ခံစားလို့ရတယ် (ကျနော့်အမြင်သက်သက်မျှသာ)

မှတ်ချက် (၇) – ပန်းချီမှာလဲ သူ့အနှစ်သာရနဲ့သူပါ။ လှမှ အနုပညာမဟုတ်ပါဘူး။ ပန်းချီကို ပန်းချီလိုမြင်ပြီး ဝတ္ထုကို ဝတ္ထုလိုပဲ သဘောထားရင် ဘာမှအပြစ်ပြော‌စရာမရှိပါဘူးဗျ။ ဆရာနေမျိုးဆေးကလဲ ပေါ့သေးသေး ဆရာမဟုတ်ဘူး။ သူလဲသူ့ခံစားချက်နဲ့ မြင်ယောင်ပြီး ပုံဖော်ထားတာဖြစ်မှာပါ။ ဝေဖန်မှုက တခါမှမပြောဖူးပေမယ့် ပန်းချီနဲ့ပတ်သတ်လို့ ကိုယ့်အမြင်ဝင်ရေးမိတာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page