ဝိုင်ဘီအက်စ်ကားတွေပေါ်မှာ လုယက်မှုတွေကို ဖြေရှင်းနိုင်ဖို့ အကောင်းဆုံး နည်းလမ်းတခု

ဝိုင်ဘီအက်စ် ကားပေါ်လုယက်တာတွေကို ဖြေရှင်းဖို့ နည်းလမ်းက ဒီနည်းလမ်းက အဆင်ပြေဆုံးလို့ ဖြစ်မယ်ထင်လို့ပါ။ မနေ့က ဘရားသားတစ်ယောက်တင်ထားသလိုပဲ ၊ ကားတွေမှာ အရေးပေါ်ခေါင်းလောင်း (ဟွန်း) တပ်ထားခြင်း ပဲ ဖြစ်ပါတယ်။

ဒါတွေက တပ်ဖို့အတွက် ကားဆရာတို့အတွက် အရမ်းကြီး ခက်ခဲမယ် မထင်ပါဘူး။ တပ်ထားပြီးပြီဆိုရင် ကားထဲမှာ လုတာတွေ ၊နှိုက်တာတွေ အော်ဟစ်သံတွေ ကြားရတာနဲ့ ကားဆရာက ဟွန်းကို အမြန်နှိပ်လိုက်ပြီးတော့ ကားတံခါးမဖွင့်ပေးပဲ အနီးနားက လူတွေလည်း ဟွန်းသံကြားတာနက် ဒီကား အန္တရာယ်ရှိနေပြီ ဆိုတာ သိမှာပါ။

အဲဒီအခါကျရင် လူတေလည်း ဝိုင်းအုံလာပြီးတော့ ဟိုကောင်တွေအတွက် ပြေးဖို့နေရာမရှိတော့ပါဘူး။ ဒီနည်းလမ်းက အဆင်ပြေဆုံးထင်ပါတယ်။

ကျေးဇူးပြု၍ ဒီနည်းလမ်းကို ကြိုက်နှစ်သက်ကြရင် ကားဆရာတွေ အုံနာတွေကို တောင်းဆိုကြပါစို့။ ကျေးဇူးပြု၍ ဒီထက်ပိုမဆိုးရွားခင် မြန်မြန်တားဆီးတာ ကောင်းပါတယ်လို့ ဝေဖန်အကြံပြုရင်း… (Chris)

မှတ်ချက်။ ကျွန်တော်အမြင်ပြောရင်တော့မလွယ်ဘူးနော် ဒီကောင်တွေကားပေါ်မှာတစ်ယောက်ထဲမနေဘူး။ အဲဒီတော့ တစ်ခုခုဟေ့ဆို သူတို့က ဒါးတွေအချွန်တွေကိုယ်စီနဲ့ ခရီးသည်တွေက ဘာမှပါတာမဟုတ်ဘူး။ ကြောက်ကန်ကန်ပြီး သွေးရှူးသွေးတန်းနဲ့ အကုန်ထိုးသွားမှာ အသက်ကြီးသူ ကလေးနဲ့ အမျိူးသမီးတွေစိုးရိမ်ရတယ် ဘရို။ သေချာ ပလန်ဆွဲပြီးမှ လုပ်သင့်တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page