လူမသိ သူမသိ စွန့်ပစ်ခံထားရတဲ့ မြန်မာတနိုင်ငံလုံးနဲ့ ဆိုင်တဲ့ အထင်ကရ နေရာတခု (ထိန်းသိမ်းသင့်ပါပြီ)

မြန်မာတစ်နိုင်ငံလုံးနဲ့သက်ဆိုင်တဲ့ ပင်လယ်ရေမျက်နှာပြင်၊ ဒါဟာ မြန်မာတစ်နိုင်ငံလုံးနဲ့ သက်ဆိုင်ပြီး အရေးပါခဲ့တဲ့ နေရာ တစ်ခုပါ။ မွန်ပြည်နယ် ကျိုက္ခမီမြို့ ဆိပ်ကမ်းသာလမ်း ဗိုလ်တဲ အိမ်ရှေ့မှာ ရှိပါတယ်။ ပင်လယ်ရေမျက်နှာပြင် တိုင်းတဲ့နေရာပါ။

ပင်လယ်ရေမျက်နှာပြင် အထက် သုညမိုင်ကို ကျိုက်ခမီ ကမ်းခြေနားက အခုနေရာမှ စနစ်တကျ စတင်တိုင်းတာပြီး တနိုင်ငံလုံးကို Level စက်ဖြင့် အမြင့်ပေကူးပြီး မြို့တမြို့ရဲ့ အမြင့်ပေကို သတ်မှတ်ခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာဆိုရင် မြေတိုင်းဦးစီးဌာနက အမြင့်ပေ ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတဲ့ benchmark (BM) ခုံလေးတွေကို ရွေတိဂုံဘုရား နှင့် ပန်းဆိုးတန်းလမ်းမှာ အလွယ်တကူ တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပင်လယ်ရေမျက်နှာပြင်ကို အဲ့နေရာကနေ စတိုင်းတာ ယူတာပါ။ ရေတက်ရေကျ ဘယ်နှစ်ပေ ဘယ်နှစ်မီတာ ဆိုတာကို ပျမ်းမျှသတ်မှတ်တာ မဟုတ်ဘူး။ မြန်မာနိုင်ငံရဲ့ ရေတက်ရေကျ sea level ကို စနစ်တကျ တိုင်းတာပြီးယူတဲ့ နည်းစနစ်အခြေခံကတော့ ပြဒါးထည့်ထားတဲ့ လေထုဖိအားတိုင်းကိရိယာနဲ့ တိုင်းတာပါ။

အဲဒီနေရာ သုညမိုင်မှာ လေထုဖိအား 760mmHg ရှိပါတယ်။ အမြင့်ကို တက်လေလေ ကိရိယာထဲက ပြဒါးမျက်နှာပြင်ကလည်း 760mm ကနေ ကျဆင်းလာလေလေ ပါပဲ။ ကျဆင်းလာသော ပြဒါးမျက်နှာပြင်ကို ကြည့်ခြင်းအားဖြင့် မိမိမြို့ရွာဒေသရဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေကို သိရှိနိုင်ပါတယ်။ (ကျိုက်ခမီကတော့ စမှတ် zero သုညမိုင်ပါ) ဥပမာ၊ ကိရိယာထဲက ပြဒါး တစ်မီလီမီတာ ကျဆင်းတိုင်း ပေ ၂၀၀ ရောက်တယ်ဆိုခဲ့ပါလျင် ပြဒါးမျက်နှာပြင် 10mm ကျဆင်းခဲ့မယ်ဆိုလျင် ပေ 2000 အမြင့် ရောက်ပြီလို့ သိနိုင်ပါတယ်။

ဒီလောက်အရေးပါတဲ့နေရာတခု ကို ထိန်းသိမ်းမှုမရှိ စွန့်ပစ်ထားကြတော့ ဘာလုပ်တဲ့နေရာမှန်းကိုတောင် လူအတော်များများ မသိကြတော့ဘူး။ ဒေသခံတွေထဲမှာလည်း သိတဲ့သူ အတော်နည်းသွားပါပီ။ အခုထက်ပိုပြီး ခေတ်မှီလာရင်တောင် ဒီလို နေရာမျိုးက အထိမ်းအမှတ်နေရာတခုအဖြစ် ထိန်းသိမ်းထားသင့်ပါတယ်ဆိုတဲ့အကြောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များ သိစေရန်နှင့် ဗဟုသုတ ရရန်အလို့ဌာ ရေးသား ဝေမျှလိုက်ပါတယ် ရှင့်။(Ma Thu)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page