ဆရာလေးကိုတောင် မရှောင်ကြတော့တဲ့ ဝိုင်ဘီအက်စ်ပေါ်က ခါးပိုက်နှိုက်များ
ယနေ့ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာတခုကတော့ ဝိုင်ဘီအက်စ်ပေါ်က ခါးပိုက်နှိုက်များ သောင်းကျန်းနေတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
ဆရာလေးကိုတောင် မရှောင်ကြတဲ့ ခါးပိုက်နှိုက်တွေကို ပြည်သူတွေက ဝေဖန်လျက် ရှိကြပါတယ်။ ဝိုင်ဘီအက်စ် စီးနင်းနေကြတဲ့ ပြည်သူတွေကလည်း ဘယ်နေ့ အနှိုက်ခံရမလဲဆိုတာ စိုးတထိတ်ထိတ် ဖြစ်နေကြပါတယ်။
တာဝန်ရှိသူတွေအနေနဲ့လည်း အဆိုပါ ခါးပိုက်နှိုက်တွေကို နှိမ်နင်းနိုင်မယ့် အခြေအနေ မရှိတာကြောင့် ပြည်သူတွေက ဝေဖန်လျက်ရှိပါတယ်။ ဆရာလေးအကြောင်း ကိုယ်တွေ့ကြုံခဲ့ရသူ ရေးသားတဲ့ ပို့စ်ကို ပြန်လည် ဖော်ပြလိုက်ပါတယ်-
ဘာတွေလုပ်ကြတာလည်း၊ မြန်မာပြည် ဗုဒ္ဓဘာသာနိုင်ငံဆို တအားစိတ်ဆိုးတယ်။ ဒီနေ့ မနက်မှာ ဆိုင်မှာ ဆွမ်းအမြဲခံနေတဲ့ သဘာဝတရားရိပ်သာက အသက်၇၀ ကျော် သီလရှင်ဆရာလေးတစ်ပါး ရန်ကုန်မြို့ထဲမှာ ဆွမ်းခံထွက်နေရင်း သိမ်ကြီးစျေးနားမှာ ဆရာလေးလွယ်ထားတဲ့အိတ် ဒါးခွဲခံရပြီး သီလရှင်ကဒ်ပြား ပိုက်ဆံတွေရော ဖုန်းပါသွားတယ်။
ဆရာလေးမှာ လမ်းဘေးမှာငိုနေလို့ လမ်းသွားတဦးက လိုက်ပို့လို့ ဆိုင်ရောက်လာခဲ့တယ်။ ရင်ထဲမှာ မကောင်းလွန်းလို့ ဒီပို့စ်ကို တင်မိတာပါ။ ဆရာလေး အတွက်စိတ်မကောင်းပါဘူး။ တာဝန်ယူကူညီစောင့်ရှောက်မိတယ်။ ဖုန်းလိုက်ဝယ် ပေးလိုက်တယ်။ ဆရာလေး အန္တရယ်ကင်းဘေးရှင်းပါစေ။ (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)