ရွှေမြန်မာတွေ လုံးဝ မသိသေးတဲ့ ဟော့ပေါ့ဆိုင်တွေမှာ ကြက်ဥထားပေးရတဲ့ အကြောင်းရင်း
ဟော့ပေါ့ဆိုင်တွေ သွားစားရင် ပေးထားတဲ့ ကြက်ဥတွေကို ဟော့ပေါ့အိုးထဲ အလုံးလိုက်တွေ ထည့်ပြုတ်နေကြတုန်းပဲလား။ အဲဒါက ဟိုအန်တီကြီး စကားနဲ့ဆို စော်ကားနေသလို ခံစားရပါတယ်နော်။
ကိုယ်စားမယ့် ဟော့ပေါ့အိုးထဲကို ကြက်ဥအစိမ်း အလုံးလိုက် ထည့်ပြုတ်မယ်ဆိုရင် ကြက်ဥအခွံမှာ ကပ်ပါလာတဲ့ ရောဂါပိုးတွေကြောင့် ကျန်းမာရေး ပြဿနာတွေ ရှိနိုင်ပါတယ်။ ဟော့ပေါ့ဆိုင်တွေမှာ ကြက်ဥထားပေးရတဲ့ အကြောင်းရင်းနဲ့ ကြက်ဥကို ဟော့ပေါ့ထဲမှာ ဘယ်လို စားရမယ်ဆိုတဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်-
ငုံးဥ ကိစ္စနဲ့ဖြစ်ကြတော့ အောက်ကနေမန့်ကြတာ ဟော့ပေါ့ဆိုင်တွေမှာတောင် ကြက်ဥထားပေးထားတာ အိုးထဲထည့်ပြုတ်တာ အခွံနဲ့တဲ့။
အမှန်က အဲ့လိုထည့်ပြုတ်ဖို့ ပေးထားတာမဟုတ်ဘူး။ ဟော့ပေါ့စားနည်းလေးတခုပါ ပြောပြမယ်။ ကြက်ဥကိုပန်းကန်လုံးထဲ ဖောက်ထည့်ပြီး ခလောက်လိုက်၊ ပြီးရင် အရည်အိုးထဲထည့်ပြုတ်မယ့် ကြက်သား ဝက်သား အမဲသား စသည်ကို ကြက်ဥထဲ အရင်စိမ်ပြီးမှ ထည့်ပြုတ်ရတာ။
ပိုအရသာရှိသွားတယ်။ သည်တိုင်းထည့်ပြုတ်ရင် အသားနှပ်ထားတဲ့ အရသာတွေက ဟင်းရည်ထဲထွက်ကုန်တာ။ ကြက်ဥနဲ့ ကုတ်တင် တထပ်ခံလိုက်တဲ့သဘော၊ အသားတွေကို မူရင်းအရသာအပြည့်အဝ ခံစားလို့ ရစေနိုင်ပါတယ်။ ကောင်းကျင်းလုံ၏ တရုတ်များ ဟော့ပေါ့ စားနည်း အပိုင်း (၁)