မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမိုင်းဝင် လေးရှင်းတောင် မီးပြတိုက် အကြောင်း
မြန်မာနိုင်ငံရဲ့ ပထမဦးဆုံး သမိုင်းဝင် မီးပြတိုက် အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်-
မြန်မာနိုင်ငံ၏ ပထမဦးဆုံးမီးပြတိုက်၊ ကိုလိုနီခေတ် အဆောက်အအုံတစ်ခုအဖြစ် ရခိုင်ပြည်နယ်စစ်တွေမြို့အနီး ကလားတန်မြစ်ဝအလွန် Savage Island တွင်တည်ဆောက်ခဲ့သည့် လေးရှင်းတောင်မီးပြတိုက်ပုံများကို တင်ပြလိုက်ပါသည်။
အင်္ဂလိပ်-မြန်မာပထမစစ် (၁၈၂၄-၂၅) အပြီး ၁၈၂၆ ဇန်နဝါရီ ၁၂ ရက်နေ့တွင် အင်္ဂလိပ်တို့သည် စစ်တွေမြို့ကို တည်ထောင်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးသော လေးရှင်းတောင်မီးပြတိုက်ကို ၁၈၄၄ ခုနှစ်တွင် တည်ဆောက်ခဲ့ပါသည်။
သက်တမ်းအားဖြင့် ၁၇၇ နှစ်ရှိပြီဖြစ်သော မီးပြတိုက်ဟောင်းမှာ ဆိုးဝါးစွာ ပျက်စီးသွားပြီဖြစ်ပြီး ယခုအခါ စစ်တွေမြို့မှ တဆင့်ရေကြောင်းဖြင့် နေ့ချင်းပြန် အပျော်ခရီးထွက်စရာ လေ့လာစရာ နေရာတစ်ခုအဖြစ်သာရှိနေပါသည်။
ထွန်းအိနြာဗို ပါဝင်သော (မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍) ရုပ်ရှင်တွင် ဤမီးပြတိုက်ပုံများစွာပါဝင်ရာ ရုပ်ရှင်ကြော်ငြာပုံတွင် မီးပြတိုက်ကြီး၏ အပေါ်ဘက် အပြင်ပိုင်းကိုပတ်၍ ကာရံထားသော အင်္ဂတေပြားကြီးများ ကွာမကျသေးကြောင်း တွေ့မြင်နိုင်ပါသည်။ နော်ဂဲလယ်ထူး(စာပေပရဟိတ) (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)