ဘောလုံးဂန္ထဝင်ကြီး နှစ်ယောက်ရဲ့ ဓာတ်ပုံ နောက်ကွယ်က လူတွေ မသိသေးတဲ့ အကြောင်းရင်း

ကမ္ဘာ့ဖလားအမီ ဘောလုံး ဂန္ထဝင် ကြီး နှစ်ယောက်ရဲ့ ကြော်ငြာလေး တက်လာတာ သတိပြုမိမယ် ထင်ပါတယ်။ ပုံရိုက်သူက ကမ္ဘာ့ Portrait Master ကြီး Annie Leibovitz ရဲ့ လက်ရာ။ ကင်မရာ အယူအဆ နဲ့ color grading က တကယ့်ကိုရှယ်။

ဒါပေမဲ့ ပြောချင်တာက အဲ့ဒီပုံမှာ သုံးသွားတဲ့ စစ်တုရင်ကစားကွက်။ မက်ဆီနဲ့ စီရော်နယ်ဒို ရှေ့မှာ ခင်းကျင်းပြသွားတဲ့ စစ်တုရင်ရုပ်တွေရဲ့ နေရာ ယူထားဟန်ဟာ ၂၀၁၇ တုန်းက Grand Chess Tour အဖြစ် ပါရီမှာ ကစားခဲ့တဲ့ စစ်တုရင် ဂရန်းမာစတာကြီး မက်ဂနပ်စ် ကာလ်ဆင်နဲ့ ဟီကာရူ နာကာမူရာတို့ရဲ့ စစ်တုရင်ပွဲက ရွှေ့ကွက်တွေအတိုင်း နေရာပြန်ချထားတာတဲ့။

အဲ့ဒီပွဲမှာ သရေကျခဲ့ပါသတဲ့။ ကြော်ငြာ ဓာတ်ပုံလေးမှာ နေရာချထားတဲ့ စစ်တုရင်ရုပ်အနေအထားကတောင် ကမ္ဘာ့အဆင့်။ ပြီးတော့ ဘယ်သူမှ မသာစေ မနာစေအောင် လုပ်ပေးထားတယ်။ ဘယ်လောက် အသေးစိတ်လိုက်သလဲ။ ဘယ်လောက် စေ့စပ်သေချာလိုက်သလဲ။ သူတို့ဆီက ဘာလုပ်လုပ် ဒီလို ဂရုစိုက် လို့လည်း ဒီလို အောင်မြင်တိုးတက်နေကြတာ။

(ဖေ့ဘုတ်မိတ်ဆွေ ကို Aung Chan Thar နှင့် ကို Zaw Win Htet တို့ဆီမှ အချက်အလက်များ ရယူကာ အနည်းငယ်ဖြည့်စွက် ရေးသားပါသည်) (Thorn Nay Soe )

ထပ်မံဖြည့်စွက်။ သူတို့မှာ အသေးအဖွဲဆိုတဲ့ ဝေါဟာရမရှိ၊ ခုကြော်ငြာရိုက်တာမှာ မက်ဆိမရှိ၊ ဒိုလေးမရှိ Annie Leibovitz ခိုင်းတာ လုပ်ရတာ၊ ရုပ်ရှင်စကားနဲ့ပြောရရင် king of set ဘဲ။ ကိုယ့်အလုပ်နဲ့ကိုယ်နေရာ သိလို့လည်း တိုးတက်တာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page