မြေပဲဆီမှန်ရင် မခဲဘူးဆိုတာ ယုံတမ်းစကားလား (မြေပဲဆီ တကယ် ခဲ၊ မခဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေ)

ယနေ့ အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အကြောင်းအရာ တခုကတော့ မြေပဲဆီ ခဲ၊ မခဲဆိုတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေ သိထားတာက မြေပဲဆီဆိုရင် လုံးဝ မခဲဘူးဆိုတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စားချက် ဂရုက ပို့စ်တခုမှာတော့ မြေပဲဆီက ခဲတဲ့အကြောင်း သက်သေနဲ့ ရှင်းပြထားပါတယ်။ စာဖတ်သူတွေရဲ့ ထင်မြင်ချက်တွေကိုလည်း ရေးသားသွားနိုင်ပါတယ်။ မြေပဲဆီ ခဲ၊ မခဲ ဆိုတဲ့ ကိစ္စကို ဆက်လက် ဖော်ပြပေးလိုက်ပါတယ်-

အိမ်မှာသုံးနေတဲ့ မြေပဲဆီပါရှင်။ အွန်လိုင်းမှာ မြေပဲဆီစစ်စစ် ကိုယ်တိုင်စက်နဲ့ ကြိတ်ရောင်းသည်ဆိုတဲ့ နေရာက ဝယ်ထားတာပါ။ ပုလင်းကတော့ အသေးသုံးမို့လို့ ခွဲထည့်ထားတဲ့ပုလင်းဖြစ်နေတာပါ။

သူတို့ကိုယ်တိုင်ကမြေပဲဆီက ရေခဲသေတ္တာထဲထည့်ရင်ခဲတယ်။ တချို့ဒေသခံတွေကျတော့လည်းမခဲဘူးစသည့်ဖြင့်အမျိုးမျိုးပြောနေကြတာနဲ့ တညလုံးရေခဲသေတ္တာထဲ ထည့်ပြီး စမ်းထားတာပါ။

ကိုယ်တိုင်လည်းအဲတံဆိပ်သုံးနေကြဖြစ်နေတော့ နောက်ပိုင်း ဟင်းတွေရေခဲသေတ္တာထဲကထုတ်ရင် အမြဲအဲလိုပုံတွေဖြစ်နေလို့ ဆီပုလင်းသပ်သပ်ကိုပဲ ထည့်ပြီးစမ်းကြည့်ထားတာပါ။ မြေပဲဆီစစ်စစ်က တကယ်ပဲ အဲလောက်ထိ ခဲလားရှင်။ တကယ်မသိလို့ မေးတာပါ။ (Wyut Yi Htay)

မြေပဲဆီ ခဲတယ် မခဲဘူးနဲ့ နှစ်ဖွဲ့ကွဲနေလို့ပါ မြေပဲဆီ က ၃ ဒီဂရီစင်တီဂရိတ် ဆိုရင် ခဲပါတယ်ရှင့်။ အဲ့တော့ ခဲမှတ်ရောက်ရင်တော့ ခဲပါတယ်ရှင့်။ ကျမလည်း မြေပဲဆီ ရောင်းနေတာမို့ လက်တွေ့ စမ်းသပ် ကြည့်ထားတာပါ။

စားဆီကတော့ ခဏလေးနဲ့ကို ခဲပါတယ်။ ပုံမှန်အအေးခန်းမှာ ထားရင် မြေပဲဆီက ဒီက ညီမလေးပြထားသလိုကြီးတော့ မခဲပါဘူးရှင့်။ သူက ခဲခန်းထဲ ထားတာလားတော့ မသိပါဘူးရှင့်။ ပုံမှန်အအေးခန်းမှာ ကျမ လက်ဖက်နှပ်ကို မြေပဲဆီ စိမ်ထားတာလေး ကြည့်ကြည့်ပါရှင့်။ ငါးရက်လောက်ရှိပါပြီ။ အဲ့ အတိုင်းလေးပါပဲ။

ကျမရောင်းတာလဲ ကိုယ်တိုင်သုံး ကိုယ်တိုင်ကြိတ်တာမို့ အာမခံနဲ့ကိုရောင်းပေးတာပါရှင့်။ ၀ယ်ဖူးတဲ့ သူတွေကတော့ ကြိုက်ကြလို့ ထပ်ထပ်မှာကြပါတယ်ရှင့်။ ကြားထဲကြော်ငြာ၀င်တယ်လို့ မထင်ပါနဲ့ရှင့်။ အောက်ကပုံလေးနဲ့ တင်ပေးထားပါတယ်ရှင့်။ ဆီတွေရဲ့ ခဲမှတ်လေးတွေပါ။ (Ma Ei)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page