လပြည့်နေ့ မဟုတ်တဲ့ ယခုနှစ် တန်ဆောင်မုန်းလပြည့်နေ့ (ဆေးပေါင်းခ မခ ဆိုတာကတော့)

ဂျင်းမိတဲ့ နေရာမှာ ကိုယ်တွေ တိုင်းပြည်က လပြည့်နေ့တောင် ပါသေး။ သိပ္ပံပညာ နဲ့ ကမ္ဘာတစ်ဝှမ်းလုံးအရ နိုဝင်ဘာ ၈ ရက်နေ့ ၁၇:၃၂ နာရီမှာ ရန်ကုန်မှာ လပြည့်မည်။ သို့သော် အာဏာရှင်အလိုကျ ရေးဆွဲထား တာ မြန်မာ့ပြက္ခဒိန်အရ ယနေ့ လပြည့်မည်။

ဆေးပေါင်းတွေဘာတွေလဲ ခဦးမည် ဆိုပဲ။ ဘာပဲဖြစ်ဖြစ် အာဏာရှင်တွေဟာ အကုန်လုံးဇောက်ထိုးမိုးမျှော် ပေါက်ကရဖြစ်အောင်လုပ်တာ။ ရဟန်းတော်တွေလဲ အဲဒီ တလွဲ ပြက္ခဒိန်ကြီး နဲ့ ဥပုသ်ပြုကြရဦးမည်။ လွဲနေတာကို မသိကြတာလား။ လွဲနေတာကို မပြောရဲကြတာလား။ တစ်ခုခုတော့ ဖြစ်မှာပဲ။ အမှားကြာ အမှန်ဖြစ်ဆိုတာ သိပ်မှန်တယ်။ မှားနေတာကို မနေနိုင်လို့ပြောဖြစ်ပြန်ပြီ။ စေတနာသည်ကံပေါ့။ (မောင်တယ်ရီ)

နိုဝင်ဘာလ (၈) ရက်​နေ့ လ ကြတ်မည်၊ တန်​ဆောင်မုန်း လပြည့်အချိန်ခါဖြစ်တဲ့ နိုဝင်ဘာလ (၈) ရက်​နေ့ ညဦးပိုင်းမှာ​တော့ နေ၊ ကမ္ဘာ နှင့် လ တို့ တတန်းတည်း အ​နေအထား ကျ​ရောက်မှုနှင့်အတူ ကမ္ဘာ၏အရိပ်စစ် တည့်တည့်ရှိ​သော​နေရာအား လ က ဖြတ်သန်းသွားခြင်းဖြင့် လကြတ်ခြင်းဖြစ်စဉ် ​ပေါ်​ပေါက်မှာဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် အာရှတိုက်အ​ရှေ့ခြမ်း၊ သြစ​တျေးလျ၊ ပစိဖိတ်ရပ်ဝန်း​ဒေသ နဲ့ ​မြောက်အ​မေရိကတိုက်တို့မှ အဆိုပါလကြတ်ခြင်းဖြစ်စဥ်အား မြင်​တွေ့ကြရမှာဖြစ်ပါတယ်။

“ကြတ်” ဆိုတဲ့ ​ကြိယာပုဒ်ဟာ ဖုံးအုပ်၊ ပုန်းကွယ်ခြင်း(တနည်း) အလင်း​ရောင် ​ခေတ္တကွယ်​ပျောက်ခြင်းကို ဆိုလိုပါတယ်။ လဟာ ကိုယ်ပိုင်အလင်း​ရောင် မရှိတဲ့အတွက် ​နေမှကျ​ရောက်​သော အလင်း​ကြောင့်သာ ညဘက်မှာ ကျ​နော်တို့ လကို ​တွေ့မြင်ကြရတာဖြစ်ပါတယ်။ လရဲ့ ကမ္ဘာကိုပတ်တဲ့လမ်း​ကြောင်းဟာ ၅ ဒီဂရီခန့် တိမ်း​စောင်း​နေလို့သာ လပြည့်ညတိုင်း လမကြတ်တာ ဖြစ်ပါတယ်။ လဟာ ကမ္ဘာအရိပ်စစ်ရှိတဲ့​နေရာကို တခါတရံမှသာ ဖြတ်သန်း​လေ့ရှိပြီး ကမ္ဘာ့​လေထုကို ဖြတ်သန်းကျ​ရောက်တဲ့ ​နေ​ရောင်ခြည်ဟာ အနီ​ရောင်ဖြစ်တဲ့အတွက် လကို နီရဲစွာနဲ့ ကျ​နော်တို့ မြင်​တွေ့ကြရပါတယ်။ (ပုံ)

အရိပ်စစ် လကြတ်မည့် အချိန်ဟာ မြန်မာစံ​တော်ချိန် ည​နေ ၃ နာရီ ၄၀ မိနစ် မှ ည ၇ နာရီ ၁၉ မိနစ်အထိ ဖြစ်ပါတယ်။ လဟာ ကမ္ဘာရဲ့ အရိပ်​ဖျော့ မှ အရိပ်စစ် သို့ ဝင်​ရောက်ပြီး တဘက်အရိပ်​​ဖျော့သို့ ပြန်ထွက်မှာပါ။ အမြင့်ဆုံးကြတ်မည့်အချိန်ဟာ ည​နေ ၅ နာရီခွဲ ဖြစ်ပြီး ထိုအချိန်ဟာ အ​ရှေ့ဘက် မိုးကုတ်စက်ဝိုင်းထိပ်က လ စတင်ထွက်​​ပေါ်လာချိန်ဖြစ်လို့ လဟာ ကြတ်လျက်ကြီး ​ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။

ဝေါဟာရ ပြက္ခဒိန်အရ တန်​ဆောင်မုန်းလပြည့်ဟာ နိုဝင်ဘာ ၇ ရက် ဆို​ပေမဲ့ အမှန်တကယ် လပြည့်မည့်ရက်က အခုလို တတန်းတည်းကျ​ရောက်ချိန်ဖြစ်ပါတယ်။ ထူးခြားချက်အ​နေနဲ့ လပြည့်လဟာ ယူ​ရေးနပ်စ်ဂြိုဟ်ကို ဖုံးကွယ်ထားဦးမှာဖြစ်ပြီး လ တည်ရှိမည့် ​နေရာက​တော့ ကမ္ဘာမှ မိုင်​ပေါင်း ၂၄၂၃၀၀ အကွာမှာပဲ ဖြစ်ပါတယ်။

တန်​ဆောင်မုန်းလဟာ မိုးတိမ်ကင်းစင်ပြီး ​ကောင်းကင်ကြည်လင်​သော လဖြစ်လို့ ညချမ်းချိန်ခါမှာ နက္ခတ်​တွေကို စုံစုံလင်လင်​တွေ့မြင်ရတတ်ပါတယ်။ နွယ်မြက်သစ်ပင်များအ​ပေါ် လ​ရောင်စမ်းပြီး ကြယ်တာရာအလင်းတို့လည်း စုံလင်စွာကျ​ရောက်တတ်လို့ ​ဆေးဖက်ဝင်အပင် အရွက်များကို စားသုံးကြတဲ့ ဓ​လေ့တစ်ခုလည်း ရှိကြပါတယ်။ အ​နောက်နိုင်ငံများမှာ​တော့ ဒီလပြည့်ကို ဖျံ(ကြီး) လ (Beaver Moon), နှင်းခဲလ/ ​အေးစိမ့်​သောလ (Frosty Moon) ​မှောင်မိုက်​သောလ (Dark Moon) စသည်ဖြင့် ​သတ်မှတ်ခေါ်ဆိုကြပါတယ်။ အနာဂတ်ပညာ​ရေးအတွက် သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page