ရန်ကုန်မြို့နေ ပြည်သူတွေ လတ်တလော အမြန်လုပ်ဆောင်ထားသင့်တဲ့ ကိစ္စရပ်များ (အရေးကြီးပါတယ်)

သတိ သတိ သတိ။ အိမ်မှာဘဲနေနေ လမ်းဘဲလျှောက်လျှောက် လိုင်းကားဘဲစီးစီး ကိုယ်ပိုင်ကားဘဲမောင်းမောင်း သတိလေးကပ်ပေးကြပါ။ အိမ်မှာရှိနေတဲ့အချိန် ဘဲလ်တီးပါက တံခါးကိုချက်ခြင်းမဖွင့်ပါနဲ့ ချောင်းကြည့်ပေါက်ထားပါ။

မိန်းခလေးတစ်ယောက်ဘဲဖြစ်ဖြစ် ယောင်္ကျားလေးတစ်ယောက်ဘဲဖြစ်ဖြစ် ယူနီဖေါင်းနဲ့ဖြစ်ဖြစ် လက်လှမ်းမမှီနိုင်သောနေရာကစကားပြောပါ မည်သည့်အကြောင်းနှင့်မျှတံခါးမဖွင့်ပါနဲ့။ လမ်းလျှောက်သောအခါ မည်သည့်အချိန်ဖြစ်ဖြစ် လူပြတ်သောလမ်းကိုရှောင်ပါ ဘေးဘီဝဲယာကိုသတိပြုပါ ဖုန်းမသုံးပါနှင့် မသင်္ကာစရာတွေ့ပါက နီးစပ်ရာဆိုင် သို့မဟုတ် အဆင်ပြေသော အိမ်တစ်ခုခုကို ဝင်ပြီး အကူအညီတောင်းပါ။

ကိုယ်ပိုင်ကားမောင်းတဲ့အချိန် ပြင်ပက ကြည့်ပါက အထဲကိုမမြင်နိုင်အောင် မှန်များကို စတေကာ ကပ်ပြီးမှန်များကို တင်ထားပါ။ ကားတံခါး လော့ခ်ချထားပါ။ ဘေးမှန်ကို တစ်ယောက်ယောက်က အကြမ်းဖက်ပြီး ခွဲလာပါက မိမိကားကို အရှေ့ကကားသို့မဟုတ် အနောက်ကကားသို့မဟုတ် ဘေးကကားကို အက်ဆီးဒင့် ဖြစ်အောင်လုပ်ပါ။ အများက သတိထားမိအောင် လုပ်ဆောင်ပါ။ မနှမြောပါနဲ့။

လိုင်းကားစီးပါက သူတစ်ပါးမျက်စိကျလောက်အောင် ဝတ်စားခြင်း ပြောဆိုခြင်း များကိုရှောင်ရှားပြီး သတိထားပါ။ လူတအားချောင်နေပါက သတိထားရမည်ဖြစ်သလို ကြပ်နေလျှင်လည်း သတိထားပါ။ သွားသတိ လာသတိ စားသတိ သတိအမြဲကပ်နေပါက ကုသိုလ်လည်းရလုံခြုံမှုလည်း ခံစားရပါမည် ဖြစ်စရာရှိတာက ဖြစ်မည်ဆိုသော်လည်း အသက်ကို ဉာဏ်စောင့်ပါသည်။

သင်ဒီပို့စ်ကို ဖတ်နေသောအချိန်မှာ သင့်ကို အန္တရာယ်ပြုမည့်သူကလည်း ဖတ်မိပြီး သူ့အတွက် နည်းလမ်းများကို ရှာဖွေနေမှာ ဖြစ်ပါတယ်။ အန္တရယ်ပြုမည့် သူများအနေဖြင့် လိုချင်သည်များကို ရရှိပါက အသက်အန္တရယ်မပြုကြပါဘဲ မေတ္တာစိတ်လေးထားပေးကြပါရန် မေတ္တာရပ်ခံပါသည်။ (Kyaw Aye)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page