တရုတ်ဘက်ထရီဆိုင်ကယ်တွေရဲ့ မာယာနဲ့ ဝယ်ရောင်းသမားတွေရဲ့ အထာ

ဒုတ်ရပြီးသူနဲ့ဒုက္ခကြီးသူများ၊ ဘတ္ထရီဆိုင်ကယ်တွေမန္တလေးမြို့ကို showroom တွေ အပြိုင်အဆိုင်ဖွင့်ပြီး ဆိုင်ကယ် ဈေးကွက်ကို ကျော်ဖြတ်ဖို့ ကြိုးစားလာတုန်းကပေါ့။ အရောင် အသွေးစုံ ဒီဇိုင်းစုံနဲ့ တရုတ်ကြီး အိုင်ဒီယာတွေကြားမှာ ယိုးဒယား ဆိုင်ကယ် ဈေးကွက်ကို ချိုးဖျက်ဖို့ မန္တလေးမြို့ကို အခြေပြုလို့ စပြီး ထိုးဖေါက်လာတယ်။

“ဦးထုပ်ဆောင်းစရာမလိုဘူး” “ဆီထည့်စရာမလိုဘူး” “လိုင်စင်ပါစရာ မလိုဘူး ” ဆိုတဲ့ ဆွဲဆောင်ချက်တွေနဲ့ တချို့ ဘီးလေးတွေဆို သုံးစွဲသူအကြိုက်ပေါ့။ အရောင်စုံ ဒီဇိုင်းစုံ။ စူပါကပ် ဆိုင်ကယ်ထက် မြန်တဲ့ ဘီးအမျိုးအစားတွေနဲ့ ထိုးဖေါက်လာတာနော်။ ဒါ့ထက်တောင် ပိုကောင်းသလားမသိ။

ယောက္ခမကြီးက ဆိုင်ကယ် မစီးတတ်တော့ တစ်စီးဝယ်ထားလိုက်သေးတယ်။ အာ့တုန်းကကို 370000 လားမသိ။ 59 ဆိုင်ကယ်ဝိုင်းက ဈေးတန်းတချို့ရဲ့ ထက်ဝက်ဈေး။ ကိုယ်တွေ ဝယ်ပေးထားတဲ့ စက်ဘီးလေးကို နောက်ဖေးကို ပို့ပြီး နည်းပညာမြင့် ဘတ္ထီရီဆိုင်ကယ်လေးနဲ့ပေါ့။ ကျောင်းသွားလိုက်၊ ပညာရေးမှူးရုံး သွားလိုက်နဲ့ မြင်သူတိုင်း သဘောတွေကျလို့။

ကိုယ်ဝယ်ပေးထားတဲ့ စက်ဘီး မလိုတော့ဘူးဆိုတော့ ကိုယ်တွေ ပြန်ရောင်း စားလိုက်တာ။ မှတ်မှတ်ရရ သမီးလေး ခမည်းပေးဖို့ နားကပ်လေးရခဲ့တယ်။ အခုတော့ ဘတ္ထရီဆိုင်ကယ် showroom တွေလည်းပျောက် ယောက္ခမကြီးလည်း သူ့ ဘတ္ထရီဆိုင်ကယ်ကို ဝယ်သူမရှိတော့ ရေသန့်ပို့တဲ့ သူ့တပည့်ကို စေတနာအပြည့်နဲ့ ပေးလိုက်တော့တာပဲ။ ဆိုလိုတာက တရုတ်ရဲ့ ဈေးကွက်ထဲဝင်ရောက်လာပုံက သူဝင်ရောက်တဲ့ ဈေးကွက်သုံးစွဲသူရဲ့ အဆင့်အတန်းကို ကြိုတွက်ပြီးသား။ အဆင့်အတန်းနဲ့ ညီတဲ့ အရည်အသွေးကို ထုတ်ပြီးတော့ နောက်လိုက် အပိုပစ္စည်းကို ထည့်တာ။ ဒါကို တချို့ လုံးဝ မရိပ်မိကြဘူး။

နောက်ဆုံး လောင်စာဆီသုံး ဆိုင်ကယ်ကို A ကနေ Z အထိတံဆိပ်မျိုးစုံ ထုတ်ပြီး အင်နဲ့အားနဲ့ ဖိုက်တာတောင်မှ ယိုးဒယားထုတ် ကလစ်နဲ့ စကူပီ ခြေဖျားမမှီဘူး။ တရုတ်ဆိုင်ကယ်တွေ မြို့တိုင်းမှာ ပုံလို့ဟု ဆင်ခြေပေးလာလျှင်တော့ အရင်ဆုံး သင့်သားသမီး နှစ်ယောက်ကို တရုတ်ဆိုင်ကယ်နဲ့ ယိုးဒယား ကလစ် အရင်ဝယ်ပေးကြည့်လိုက်ပါ။ နေ့တိုင်းရန်ဖြစ်သံတော့ ကြားရလိမ့်မယ် ထင်တယ်။ ပေါက်တယ်နော်။

ဆိုလိုတာက သင်ကပစ္စည်းတစ်ခု သုံးမယ်ဆို ဈေးတန်းကိုကြည့်သူလား အရည်အသွေးကို ကြည့်သူလား စဉ်းစားဖို့လိုတယ်။ ဈေးတန်းကိုစဉ်းစားရင် သင်က လူရာမဝင်ဘူး။ အရည်အသွေးကို စဉ်းစားရင် သင်လူရာဝင်မယ်။ ဒါပဲ ဘာလို့လဲ။ မန္တလေးမြို့ကြီးမှာ စကူပီနဲ့ ကလစ်စီးမှ လူရာဝင်တာက အမြင်ပဲ။ အဲ့ဒါတော့ လက်မခံလို့မရဘူး။ လက်မခံရင် ရင်ခံသွားရလိမ့်မယ်။

ဒါက ဆိုင်ကယ်အကြောင်း။ နောက်တစ်ခုက ဂျပန်အစုတ်တွေ ကိုင်တယ်ဆိုတဲ့ ကားဝယ်ရောင်း။ လျှပ်စစ်ကားတွေ ဂျပန်တပတ်ရစ် JDM အစုတ်တွေ ဆိုပြီး သိပ်ပြောမနေကြနက်။ ဝယ်ရောင်းဆိုတာ ကြိုက်တဲ့ အသစ်ပေါ်လာပါစေ။ ဝယ်ရောင်းလုပ်နေမှာပဲ။ SKD ကိုကြည့် ဘယ်လောက် အသစ်ထုတ်လာပါစေ။ ဝယ်ရောင်းက အသစ်ဈေးနဲ့ ချိန်ကောက်ပြီး မိန်းမကို နားကပ်တွေ လက်ကောက်တွေ လတိုင်း ဆင်ပေးနေတာနော်။

ကားဝိုင်းမှာ ဘယ်မောင်း တစ်ပါတ်ရစ်ကို ဝယ်ရောင်းလုပ်ပြီး တိုက်တွေ မြေတွေ စုမိနေတာ ပုံလို ပေါလို့။ ဒါလဲ အသစ်ထွက်မယ်လို့ အသံကြားကတည်းက ဟိုး အရင်ကတည်းက ငြင်းကြခုန်ကြ၊စောင်းကြ မြောင်းကြပေါ့။ သဘောရောပါရဲ့လားမသိ။ အဲ့‌ဒီတော့ အစုတ်တွေ လျှပ်စစ်ကားတွေ ဆိုပြီးတော့ ဘေကုန်မခံကြပါနဲ့တော့။

ပိုက်‌ေ-ာမိတာတို့၊ အိပ်မက်ထဲက လျှပ်စစ်ကား (EV) တို့ဆိုပြီး ရိသဲ့သဲ့ လုပ်မနေကြပါနဲ့။ လျှပ်စစ်ကား (EV) ထပ်ပေါ်လာလည်း ဝယ်ရောင်းဆိုတဲ့အမျိုးက ကိုင်ရောင်းဦးမှာပဲ။ ဒါ့ကြောင့်မို့ တချို့က တိုက်ဆောက်ပြီး အကြံထုတ်နေချိန် တချို့က ဗိုက်မှောက်ပြီး အဆံပုပ်ကုန်ကြယုံပဲရှိမှာ။ ကျန်တာတော့ သင့်အပိုင်းပဲ။ ဘာရယ်မဟုတ်ပါဘူး။ စတာဘာ စတာဘာ တော်ကြပါတော့။ (လူမင်းခေါင်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page