ရွှေတိဂုံစေတီက နှစ်ပေါင်း ၂၅၀၀ ကျော်ပြီဆိုတာ တကယ်လား (ဘုရားသမိုင်းထဲက ဟာကွက်များ)

ဗမာတွေကတော့ ပြောမနေနဲ့။ “ရွှေတိဂုံစေတီက ဘုရားနဲ့ ခေတ်ပြိုင်”ဆိုတာလည်း ယုံကြတာပဲ။ တပုဿတို့ ဆွမ်းလှူတဲ့အချိန် အိန္ဒိယမှာတောင် ဘုရားက နာမည်မကျော်ချင်သေးဘူး။ ဗမာပြည်က ရွှေတိဂုံတည်လိုက်ပြီတဲ့။

ဆံတော်လာမှာကို ကြိုမယ့် ဆံတော်ကြိုစေတီတွေတောင် ရှိသေးဆိုပဲ။ မေးပါဦးမယ်။ တပုဿနဲ့ ဘလ္လိကက ရန်ကုန်ကို ဘယ်တယ်လီဖုန်းနဲ့ ဆက်လိုက်လို့ ဆံတော်ကို ဆီးကြိုကြရတာတဲ့လဲ၊ ဗုဒ္ဓဘာသာဝင်တွေကရော ဘယ်လောက်များနေပြီမို့လို့လဲ၊

ပဉ္စဝဂ္ဂီတို့တောင်မှ မိဂဒါဝုန်မှာ ဓမ္မစကြာ တရားနာဖို့ မကြံရသေးဘူး။ သံဃာတောင်မှ မပေါ်ရသေးဘူး။ ရန်ကုန်သားတွေက ဗုဒ္ဓဘာသာ ဖြစ်ပြီးနေကြပြီ။ ဗုဒ္ဓဘာသာဖြစ်တာ ပဉ္စဝဂ္ဂီတွေထက် တစ်လစောတဲ့ ရန်ကုန်သားတွေ။ သဒ္ဓါတရားကတော့ ကောင်းကြပါပေတယ်။ လူလိမ်ခံရမယ့် သဒ္ဓါတရားတွေ။

တပုဿနဲ့ ဘလ္လိကာတို့ကို ဆံတော်ပေးတယ်ဆိုတာ ပါဠိတော်မှာ မလာဘူး။ အဋ္ဌကထာမှာပဲ လာတယ်။ မနေနိုင် မထိုင်နိုင် စဉ်းစားမိသေးတယ်။

ဗုဒ္ဓဂယာအထိ လှည်းနဲ့ သွားရောင်းပြီး မြတ်စွန်းနိုင်တဲ့ Export ထုတ်ကုန်က ဘာပစ္စည်းများပါလိမ့်၊ ငါးပိ ငါးခြောက်တော့ မဟုတ်တန်ရာ ဘာညာ ရမ်းပြစ်မှားလို့တော့ မရဘူး။ ရန်ကုန်သားတစ်ဝက်လောက်က MBA လက်မှတ်ရတွေဆိုတော့။ (Uvi Mala)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page