လားရှိုးက ဟိုတယ်တခုမှာ ကြုံခဲ့ရတဲ့ ခြောက်ခြားဖွယ် ညတည (ကိုယ်တွေ့ဖြစ်ရပ်မှန်)

ကိုယ်တိုင်ဆိုးဆိုးရွားရွားကြုံခဲ့ရလို့ပြောရခြင်းပါ တစ်ခါမှလဲဒီလောက်မဖြစ်ခဲ့ဘူး (hotel တည်းတိုင်း ခဏခဏ တော့ဖြစ်တယ် ဒီလောက်ကြီးထိ မဖြစ်လို့ ခုမှရေးတင်ခြင်းပါ) ကျွန်တော်အလုပ်ကိစ္စနဲ့ သွားရင်း လားရှိူးရောက်သွားတယ်ပေါ့ဗျာ

ကျွန်တော့်သူငယ်ချင်းအတွဲရယ် ကျွန်တော်တို့အတွဲရယ် နှစ်တွဲပါလာတယ်ဗျ လားရှိူးရောက်တော့ ညနေ ၆ နာရီ hotel တည်းဖို့လိုက်ရှာတော့ဒီ hotel ပဲရတော့တာကြောင့် ဒီမှာပဲတည်းလိုက်တာ သူတို့ပြောတော့ ကျန်တဲ့အခန်းတွေပြည့်နေပီ ဒီဟာပဲရတော့မယ်ပြောတယ် (အဲ့တာတစ်ဖြတ်ပေါ့)

ဒီလိုနဲ့ ကျွန်တော်တို့ အခန်း နှစ်ခန်းရတယ် အပေါ်ဆုံးအထပ် သုံးလွှာ မှာရတယ် မျက်နာချင်းဆိုင်အခန်းရတာပေါ့ ကျွန်တော်တို့က 204 သူငယ်ချင်းတွေက 207 အဲ့တာနဲ့ရေချိုးပီး အပြင်သွားဖို့ ကိုယ်စီအခန်းထဲမှာ ခဏနားနေကြတယ် နောက်ထပ် ၁၀ မိနစ် လောက်နေတော့ အဲ့မှာဇာတ်လမ်းက မသိမသာစပြီ ကျွန်တော့်အခန်း 204 ကို တံခါးလာခေါက်ရော ကျွန်တော်လဲ ကျွန်တော့်သူငယ်ချင်း တံခါးခေါက်တယ် အထင်နဲ့ ဖွင့်ကြည့်လိုက်တယ် ဘယ်သူမှမရှိဘူး။

ကျွန်တော်လဲ အထင်မှားတာနေမှာပါ ဆိုပြီး ဒီတိုင်းနေလိုက်တယ် အဲ့တာ တစ်ဖြတ်ပီးရော(ရေမချိုးဖြစ်လိုက်ကြဘူးကျွန်တော်တို့အတွဲက) ခနနေတော့ကျွန်တော်တို့ ညစာစားဖို့ အပြင်ထွက်တယ် ၆ နာရီ ၄၅ မိနစ် လောက်မှာပေါ့ အပြင်မှာစားသောက်(လုံးဝမမူးပါ)လျှောက်သွား ဘုရားလဲသွားခဲ့သေးတယ် Hotel ပြန်ရောက်တော့ ၁၀ နာရီခွဲ ဝန်းကျင်ပေါ့

အဲ့မှာကို့အခန်းကိုယ် ပြန်နားကြတော့တာပေါ့ ခဏကြာတော့ကျွန်တော့်ကောင်မလေးကရေချိုးမလို့ လုပ်နေတုန်း ရေချိုးခန်းထဲက အလိုလို ပွင့်ချလာပါလေရော အဲ့တာလဲကျွန်တော်သွားကြည့်တော့ပိတ်နေတာ ပြန်သွားတော့ပြန်ပွင့်လာပါလေရော (ရေပိတ်မကောင်းလို့လို့ပဲတွေးထားလိုက်တာ) အဲ့တာနဲ့သူ့ကိုရေမချိုးတော့နဲ့လို့ပြောလိုက်တယ်

ခဏကြာတော့ တော်တော်ဆိုးရွားတဲ့ အပုပ်နံ့ကြီးရပါလေရော။ အဲ့တာလဲကျွန်တော်တို့က အိမ်သာက နံလို့ဖြစ်မှာဆိုပီး ဒီတိုင်းနေလိုက်တာ တော်တော်ကြာပီးမပျောက်ဘူးဖြစ်နေတော့ စိတ်ထဲတစ်မျိုးပဲထင်ပီ းဟိုဘက်အခန်းပဲသွားအိပ်ရအောင် ၄ ယောက်ပေါင်းပီးဆိုပီး သွားမလို့ရှိသေး Aircon ကြီးက သူ့အလိုလိုပွင့်လာပါလေရော ပီးကျ ချက်ချင်းပြန်ပိတ်သွားတယ် ပီးကျပြန်ပွင့်လာရော အဲ့တာနဲ့မဖြစ်တော့ဘူးဆိုပီး ကျွန်တော့်သူငယ်ချင်းအတွဲ ကိုအကြောင်းစုံပြောပီး အခန်း 207 ကို ပြောင်းလိုက်တယ်

၄ ယောက် ပေါင်းပီးပဲအိပ်တော့မယ်ဆိုပီး နေလိုက်ကျတာ ပြောင်းလာတဲ့အချိန်က ည ၁၁ နာရီ ဝန်းကျင် ခဏကြာတော့ ဒီဘက် ပြောင်းလာတဲ့အခန်းကို တံခါးထပ်ခေါက်ပါလေရောဗျာ (၂ မိနစ်လောက်ခြားပီးခေါက်တာ ၃ ကြိမ်) အဲ့တာငြိမ်သွားတော့ အပုပ်နံ့ကြီးရလာရော (ဟိုဘက်အခန်းမှာလောက်မဆိုးရွားဘူး) သူငယ်ချင်းအတွဲက အဲ့အချိန်သိပ်မကြောက်တက်ဘူးပေါ့

အဲ့တာနဲ့ ကျွန်တော့်သူငယ်ချင်းကောင်မလေးက ဒေါသထွက်ပီး hotel အပြင်ဘက် ဝရံတာမှာ ခနသွားထိုင်ရင်းဖုန်းသုံးနေတာပေါ့ အဲ့လိုနဲ့ ကောင်မလေးတစ်ယောက်ရောက်လာပီး သူ့ကိုစကားလာပြောတာ အခန်းအနံ့တွေကအရမ်းဆိုးတာပဲနော်တဲ့။ သူငယ်ချင်းကလဲ ဟုတ်တယ်ဘာညာပေါ့(ဖုန်းသုံးရင်း) ပီးတော့သူက ထောင့်ဆုံးအခန်းကပါလို့ပြောပီး ခဏအကြာ ထွက်သွားရော ပီးတော့ကျွန်တော့်သူငယ်ချင်းက ပြန်လာရော ည ၁၂ နာရီ ဝန်းကျင်ရောက်သွားပီအဲ့အချိန်က

အဲ့လိုနဲ့ အနံ့တွေရလိုက် တံခါးလာခေါက်လိုက်နဲ့ ပီးတော့ ခေါင်းရင်က view ကြည့်တဲ့မှန်တံခါးကိုလဲ အချိန်အတော်ကြာ တစ်ချက်ချင်းခေါက်နေလိုက်တာ (ခနခဏပေါ့) အဲ့တာနဲ့ ရအောင် အိပ်ကြမယ်လုပ်တာ သူတို့က ခဏ မှေးခနဲ ဖြစ်သွားတဲ့အချိန် ည တစ်နာရီလောက်မှာ ကျွန်တော့်သူငယ်ချင်းယောက်ျားလေးရဲ့ ခြေ ထောက်ကို ဆွဲပါလေရော (သူကအခန်းတံခါးဝနားရဲ့ဘေးဆုံးမှာအိပ်တာ ကောင်မလေးနှစ်ယောက်ကအလယ်မှာ ကျွန်တော်ကထောင့်ကပ်ပီး အစွန်ဆုံးမှာပေါ့)

အဲ့အချိန် အကုန်လုံး ထပီးအော်လိုက်ကျတာမှအကျယ်ကြီးပဲ အဲ့အော်တဲ့အသံထဲလဲ ကျွန်တော်တို့၄ ယောက်မက ဘူးအော်တဲ့အသံလိုမျိုးကြီးတွေဖြစ်နေတာ ဘေးအခန်းတွေကလဲ ထွက်မလာကြဘူးပေါ့ အဲ့တာနဲ့ ခဏငြိမ်လိုက်ကျရော ၅ မိနစ်လောက်နေတော့ ဝိုးတိုးဝါးတားအော်ပြောနေတဲ့ အသံကြီးကြားလိုက်တော့ ကျွန်တော်တို့လဲ မနေနိုင်တော့တာနဲ့ပစ္စည်းတွေသိမ်းပီး check out လုပ်ဖို့အောက်ဆုံးထိဆင်းတော့တာပဲ အဲ့မှာ manger ကိုပြောပြပီး ထွက်လာလိုက်တယ်

ည တနာရီခွွဲ လောက် ကားကနှစ်စီးပါလာတော့ တစ်စီးကို မနက်မှလာယူတော့မယ်ဆိုပီး လစ်တော့တာပဲ အဲ့တာနဲ့ ည ၂ နာရီ မှာစဖွင့်တဲ့ လားရှိုး မြို့မ စျေးကြီးမှာပဲ အချိန်ကုန်ခံပီး မနက် ၅ နာရီခွဲတော့ hotel ပြန်ပီးကားသွားယူတာ အဲ့အချိန်ကျွန်တော်က လျှာရှည်ပီးမေးကြည့်လိုက်တာ ကျွန်တော်တို့နေတဲ့အခန်း 3 လွှာမှာ ဘယ်အခန်းတွေရှိသေးလဲဆိုပီး ကျွန်တော်တို့ အတွဲ နှစ်တွဲအခန်း ရယ် အခြား ယောက်ျားလေးတွေကြီးလာတဲ့အခန်းရယ် ၃ ခန်း ပဲရှိတာတဲ့

ပီးတော့ အဲ့ယောက်ျားလေးတွေကလဲ အဲ့ညက ကေတီဗီ သွားနေတာတဲ့ ဘယ်သူမှ မရှိဘူး ကျွန်တော်တို့ပဲရှိတာတဲ့ အဲ့မှာလန့်သွားတာက မနေ့ညက စကားလာပြောတဲ့ကောင်မလေးပဲ ကျွန်တော့်သူငယ်ချင်းကပြောတယ်ဂါဝန်အမဲဝတ်ထားတာပဲမြင်လိုက်တာတဲ့ ကဲဗျာ စဉ်းသာစဉ်းစားကြည့်ကြတော့ ကျွန်တော်တို့နေရာကပဲ အဲ့လိုနဲ့ မနက် ၆ နာရီမှာ မန္တလေးဆင်းလာလိုက်တော့တယ် ကိုယ်တိုင်ဖြစ်ခဲ့လို့ပြောခြင်းပါ လုပ်ကြံရေးသားထားတာ မရှိကြောင်းအာမခံပါတယ် Hotel နာမည်သိချင်ရင်တော့ လာမေးပါဒီမှာပြောရင် ဇယားရှုပ်မခံချင်လို့ပါဗျ။ (Si Thu)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page