လကြတ်တာ ကြည့်ရင် ခိုက်မယ်ဆိုတဲ့ မြန်မာ့ဆရာကြီးနဲ့ ထွန်းပေါက်မှာ မဟုတ်တဲ့ နာဆာက လူတွေ

လကြတ်တာကို ထွက်မကြည့်နဲ့တဲ့။ ပုံမရိုက်နဲ့တဲ့။ အဲလိုနဲ့ပဲ ကျနော်တို့တွေ ခေါင်းကြီးငုံနေနေတုန်းမှာပဲ အနောက်နိုင်ငံက လူတွေက လပေါ်လမ်းလျှောက်နေပြီ။ အခုဆို အင်္ဂါဂြိုဟ်ပေါ် တက်ဖို့တောင် ပြင်ဆင်နေကြပြီ။ လပေါ် အလံစိုက်နေကြပြီ။ မော့မကြည့်ရင် လကြတ်တယ်ဆိုတာ ဘာမှန်းတောင် သိမှာမဟုတ်ပါဘူး။

နာဆာ ကဆို အင်မတန်အားကောင်းတဲ့ မှန်ပြောင်းတွေနဲ့ အနီးကပ်အပီအပြင်ရိုက်ရုံမက လိုက်ဗ်ပါ လွှင့်ပြနေပြီ။ တကမ္ဘာလုံးက နိုင်ငံပေါင်းစုံက လူတွေလဲ Blood Moon နဲ့ ပတ်သက်ပြီး ပုံလှလှလေးတွေ ရိုက်တင်နေကြတာ အင်စတာဂရမ် တွေ၊ တွစ်တာတွေ၊ ဖေ့ဘုတ်တွေမှာ အများကြီးပါ။

ပုံလှလှလေးတွေကို တကူးတက save ထားသူတွေရှိသလို ဓာတ်ပုံဆရာတွေကလဲ အမိအရ ရိုက်ကူးဖို့ ကြိုတင်စောင့်ဆိုင်းရိုက်ကူးကြသူတွေလဲ အများအပြားပါပဲ။ လကြတ်တယ်ဆိုတာ နေ ကမ္ဘာနဲ့ လတို့ တတန်းထဲဖြစ်သွားတဲ့ ဖြစ်စဉ်တခုပါပဲ။

Blood Moon တို့ လငပုတ်ဖမ်းတာတို့နဲ့ ပတ်သက်ပြီး အချို့ ဂမ္ဘီရဆန်ဆန် ယုံကြည်ကြတာတွေလဲ ရှိပါတယ်။ ယုံကြည်ချက်အရ ဘုရားစာရွတ်ဆို ပူဇော်ကြတာတွေ၊ စိတ်ထားကောင်းလေးနဲ့ တရားထိုင်ကြတာတွေက လုပ်သင့်ပါတယ်။

ဒီလိုပဲ မိမိတို့ နေထိုင်နေတဲ့ ခေတ်နဲ့လိုက်ပြီး အယူသီးစွာ ခေတ်နောက်ကျကျန်ခဲ့မယ့် အရာတွေကိုတော့ ဖက်တွယ်ထားဖို့ မသင့်ပါဘူး။ ခေတ်နဲ့ အညီလိုက်ပါ စီးမျောနိုင်မှပဲ နိုင်ငံတကာနဲ့ တန်းတူ ရင်ဘောင်တန်း လိုက်ပါနိုင်မယ်လို့ ယူဆမိပါတယ်။

လူဟာ ခေတ်နဲ့အညီလိုက်ပါရတယ်။ အရင်ကတော့ ကမ္ဘာဟာ အပြားကြီးလို့ထင်ကြတယ်။ နောက်တော့ အလုံးကြီးဆိုတာ လက်ခံလာကြတယ်။ အရင်က လူကို မခွဲစိတ်ရဘူး။ အပြစ်သိပ်ကြီးတယ်လို့ ယူဆကြတယ်။ ခုတော့ မျက်နှာတောင် ခွဲစိတ်နေကြပြီ။ ဒီတော့ လိုအပ်သလောက်ပဲ အသိဉာဏ်နဲ့ ဆင်ခြင်ပြီး လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ (Nay Thway)

နာဆာက လူတွေ ဘယ်တော့မှ ထွန်းပေါက်မှာ မဟုတ်ဘူး ၊ ဒုက္ခရောက်ကြဦးမယ်။ ဒီလို အချိန်မှာ လ ကို ဓာတ်ပုံ မရိုက်ပါနဲ့လို့ မြန်မာပြည်က နက္ခတ်ဆရာကြီးတွေက သတိပေး ၊ Life Coach လို့ ( -က်ရှက်မရှိ မတန်မရာ နာမည်ခံရဲတဲ့ ) ဉာဏ်တိမ် – လေပေါ တစ်ယောက်က ပို့စ်တင် သတိပေးနေတဲ့ ကြားက လ ကို ဓာတ်ပုံ တင်မက ဗီဒီယိုပါ ရိုက်ထားကြတယ် ။ မကြာဘူး ကြည့်နေ လ ကိုင် လို့ ခိုက် လိမ့်မယ် (ကိုဇင်ဇေ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page