သရုပ်ဆောင် ဆင်မ ပြန်လည် လွတ်မြောက်လာပြီ (ဝမ်းသာစရာပါပဲဗျာ)

ယနေ့ (၁၇-၁၁-၂၀၂၂) စကစက အကျဉ်းသား ၆၀၀၀ နီးပါးကို ပြန်လည် လွှတ်ပေးရာမှာ သရုပ်ဆောင် လူရွှင်တော် ဆင်မ ပါဝင်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဆင်မကို ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ ည ၈ နာရီခန့်မှာ ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ၁၈ ရပ်ကွက်မှာ ရှိတဲ့ နေအိမ်မှာ စကစက လာရောက် ဖမ်းဆီး သွားခဲ့ပြီး ၁ နှစ်ကျော် အကြာမှာ ပြန်လည် လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။

စကစက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးတဲ့ အခေါက်တိုင်း သရုပ်ဆောင် ဆင်မ ပါဝင်လာဖို့ ပြည်သူတွေက မျှော်လင့်နေကြတာ ဖြစ်ပြီး ယခုတကြိမ်မှာတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက် ပြည့်ဝသွားခဲ့ပြီလို့ ဆိုပါတယ်။

ယနေ့မှာ စကစက ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေ အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးပြီး အနုပညာရှင် တချို့ကို ၅၀၅ အမှုနဲ့ တရားစွဲဆိုထားတာကိုပါ ရုတ်သိမ်းပေးလိုက်တယ်လို့ သိရပါတယ်။

သရုပ်ဆောင် ဆင်မဟာ စကစ လက်ထက်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကလည်း နှုတ်ထွက်ထားသူ တယောက်လည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page